နိုင်ငံတကာ

Latest
Most Viewed
Most Commented
ရွှေ့ပြောင်း အလုပ်သမားအရေး အဓိကထား ကာကွယ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ထိုင်းရောက် မြန်မာအလုပ်သမားတွေနဲ့ နယ်စပ် ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေသူတွေကို အကာအကွယ်ပေးဖို့ အဓိကထား ဆွေးနွေးခဲ့ပါတယ်၊ ခွန်ဘသာ သတင်းပေးပို့ထားပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ရွေးကောက်ပွဲရလဒ်ကြောင့် မြန်မာနဲ့ ဆက်ဆံမှုပြောင်းသွားဖို့မရှိ

အခုနှစ်လာမယ့်နိုဝင်ဘာလမှာပြုလုပ်မယ့် အမေရိကန်ပြည်ထောင်စုရဲ့ရွေးကောက်ပွဲရလဒ်ကြောင့် မြန်မာအပေါ်ထားရှိတဲ့ အမေရိကန်ရဲ့ စီးပွားရေး ဆက်ဆံမှုက ပြောင်းလဲသွားဖို့မရှိဘူးလို့ ကျွမ်းကျင်သူတွေက သုံသပ်ထားပါတယ်။ ဦးသိုက်ဇင်ကသတင်းပေးပို့ထားတာပါ။

သံတမန်ရေး တိုးတက်အောင် ဗီဇာ ဖြေလျော့မှု လုပ်ဆောင်နေလို့ ဒေါ်အောင်ဆန်းစုကြည် ပြော

နိုင်ငံတကာ သံတမန်ရေး တိုးတက်အောင် လုပ်ဆောင်နေပြီး ဗီဇာ ဖြေလျော့မှု တွေ ဆောင်ရွက်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တူရကီ နိုင်ငံခြားရေးဝန်ကြီးနဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာပြောဆိုသွားပါတယ်။ ဒီသတင်းကိုတော့ အောင်ကိုကိုလတ် ပေးပို့ထားပါတယ်။ DVB TV – 14.06.2016

ပြသနာတွေ ဖြစ်လာရင် သမ မျှတတဲ့ စိတ်နဲ့ လက်တွဲဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးနဲ့ မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံပြီး ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်က နှစ်နိုင်ငံကြားမှာ မတူခြားနားမှုတွေ ရှိသလို၊ အရေးအရာ ပြသနာတွေ ပေါ်ပေါက်တတ်ကြောင်း၊ အရေးအကြီးဆုံးကတော့ ပြသနာတွေ ဖြစ်လာရင် နှစ်နိုင်ငံ အစိုးရတွေ သမ မျှတတဲ့ စိတ်နဲ့ လက်တွဲဆောင်ရွက်ဖို့ဟာ အရေး အကြီးဆုံးပဲလို့ ပြောပါတယ်၊ ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ဒွန် မရာမဒ် ၀ီနိုင်းခေါင်းဆောင်တဲ့ ထိုင်းဝန်ကြီးချုပ်ရဲ့  အထူးကိုယ်စာလှယ်အဖွဲ့ကို နိုင်ငံတော်သမတကလည်း မနက်ပိုင်း တွေ့ဆုံစဉ်မှာ ထိုင်မှာ ရောက်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေကို အလုပ်သမား အခွင့်အရေး တန်းတူပေးစေလိုကြောင်း မြန်မာသမတက တိုက်တွန်းခဲ့ပါတယ်။ ဒါအပြင် ထားဝယ် …Read more »

အထူးကျွမ်းကျင်တဲ့စီးပွားရေးဆိုင်ရာသံသမန်တွေခန့်ထားဖို့လို

အစိုးရသစ်အနေနဲ့နိုင်ငံတကာမှာဖွင့်လှစ်ထားတဲ့သံရုံးတွေမှာစီးပွားရေးနဲ့ပတ်သတ်ပြီးအထူးကျွမ်းကျင်တဲ့စီးပွားရေးဆိုင်ရာသံသမန်တွေခန့်ထားဖို့လိုမယ်လို့ နိုင်ငံတကာအရေးကျွမ်းကျင်သူတွေကပြောပါတယ် ဒီသတင်း ကို အောင်သူပေးပို့ထားတာပါ။

ဟောင်ကောင်မှာ အရှုံးပေါ်ပြီး သောင်တင်နေတဲ့ Casino သဘောင်္ပေါ်မှာ မြန်မာသင်္ဘောသား

အရှုံးပေါ်ပြီး ဟောင်ကောင်မှာ သောင်တင်နေတဲ့ Casino သဘောင်္ပေါ်မှာ မြန်မာသင်္ဘောသားတွေ လစာရဖို့ ဆက်လက်စောင့်ဆိုင်းနေကြပါတယ်။ ခွန်ဘသာ တင်ဆက်ထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တရုတ်နိုင်ငံခြားရေးဝန်ကြီးသတင်းစာရှင်းလင်းပွဲ

နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ခေါ် တွေ့ဆုံခဲ့ပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ ဦးပိုင်စိုး သတင်းပေးပို့ထားတာပါ။

မြစ်ဆုံဆည် စီမံကိန်း ပြန်လုပ်နိုင်ဖို့ အစိုးရသစ်ကို တိုက်တွန်းသွားမယ်လို့ တရုတ်ပြော

ရပ်ဆိုင်းထားတဲ့ မြစ်ဆုံဆည် စီမံကိန်း ပြန်လည်ဆောင်ရွက်နိုင်ဖို့ အစိုးရသစ်ကို တိုက်တွန်းသွားမယ်လို့ တရုတ် အစိုးရ တာဝန်ရှိသူကပြောပါတယ်။ ခွန်ဘသာ တင်ဆက်ထားပါတယ်။ DVB TV – 18.03.2016

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သစ် ကို မတ်လ ၁၂ ရက်နေ့ က ဖွင့်လှစ်

တစ်နှစ်လျင်ခရီးသွား၆သန်းအထိ ၀န်ဆောင်မူ့ ပေး နိုင်တဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သစ် ကို မတ်လ ၁၂ ရက်နေ့ က ဖွင့်လှစ်လိုက်ပါတယ်။ ဒီသတင်းကို ဇေယျာချမ်းအေးပေးပို့ထားပါတယ်။