နိုင်ငံတကာ

Latest
Most Viewed
Most Commented
မူးယစ်မှုနဲ့ သေဒဏ်ချမှတ်ခံထားရသူ ၈ယောက်ကို သေနတ်ပစ် ကွပ်မျက်

အင်ဒိုနီးရှားနိုင်ငံမှာ မူးယစ်ဆေးဝါးမှုနဲ့ သေဒဏ်ချမှတ်ခံထားရသူ ၈ ယောက်ထဲက သြစတြေးလျ၊ နိုင်ဂျီရီးယား၊ ဘရာဇီး၊ အင်ဒိုနီးရှား နိုင်ငံသားတွေကို အင်္ဂနေ့ ညသန်းခေါင်းယံက နူစာကမ်ဘန်ဂန် ကျွန်းအကျဉ်းထောင်မှာ သေနတ်နဲ့ပစ်သတ် ကွပ်မျက်လိုက်တယ်လို့ သတင်းတွေအရ သိရပါတယ်။ မူးယစ်မှုနဲ့ သေဒဏ်ချမှတ်ခံရသူတွေထဲက ကလေးနှစ်ယောက် မိခင်ဖြစ်ပြီး ၂၀၁၀ တုန်းက အင်ဒိုနီးရှား အ၀င်မှာ ဘိန်းဖြူ ၂.၆ ကီလိုနဲ့အတူ အဖမ်းခံခဲ့ရတဲ့ ဖိလစ်ပိုင် နိုင်ငံသူ မေရီဂျိန်းကိုတော့ တခြားလူတွေနဲ့ အတူ ခေါ်သွားပြီးမှ နောက်ဆုံး မိနစ်မှာ အသက်ချမ်းသာရာ ရခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ DVB TV – 29.04.2015

နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တရုတ်နိုင်ငံခြားရေးဝန်ကြီးသတင်းစာရှင်းလင်းပွဲ

နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ခေါ် တွေ့ဆုံခဲ့ပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ ဦးပိုင်စိုး သတင်းပေးပို့ထားတာပါ။

လှုပ်လှုပ်ရှားရှားကမ္ဘာတစ်လွှားအစီအစဉ်

လှုပ်လှုပ်ရှားရှားကမ္ဘာတစ်လွှားအစီအစဉ် မင်္ဂလာပါရှင်။ လှုပ်လှုပ်ရှားရှား ကမ္ဘာတလွှား အစီအစဉ်ကို ရှုစားနေကြတာပါ။ ဆင်းရဲမှုတိုက်ဖျက်ရေး၊ ဆင်းရဲချမ်းသာကွာဟမှု ပပျောက်ရေး၊ ရာသီဥတုပြောင်းလဲမှုကို ကာကွယ်ရေး စတဲ့ ရည်မှန်းချက်တွေအတွက် ၂၀၃၀ခုနှစ် ဖွံ့ဖြိုးရေးစီမံကိန်းကို ကမ္ဘာ့ ခေါင်းဆောင်တွေက သဘောတူ လိုက်ကြပါတယ်။၊ ဒီရည်မှန်းချက်တွေဟာ ကုလသမဂ္ဂက ၂၀၀၀ ခုနှစ်တုန်းကချမှတ်ထားတဲ့ ထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက် လုပ်ငန်း အစီအစဉ်တွေအတွက် အစားထိုးမှာ ဖြစ်ပါတယ်။ လေ့လာကြည့်ကြရအောင်ပါရှင်။