နိုင်ငံတကာ

Latest
Most Viewed
Most Commented
Podesta အကျိုးဆောင်အဖွဲ့ကို မြန်မာ အစိုးရက ဌားတဲ့အပေါ် ဝေဖန်

အမေရိကန်နဲ့ ဆက်ဆံရေး တိုးမြှင်ဖို့ Podesta အကျိုးဆောင်အဖွဲ့ကို မြန်မာအစိုးရက ဌားရမ်းလိုက်တာဟာ တိုင်းပြည်နဲ့ လူထုအတွက်မ ဟုတ်ဘဲ လက်ရှိအာဏာရ ပါတီရဲ့ ယန္တာရားတခုလုံး အားကောင်းဖို့အတွက် ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဝေဖန် လိုက်ပါတယ်။ ဒီသတင်းကို ဦးအောင်သူကပေးပို့ထားတာပါ။

အင်တာနက်လုံခြုံရေးအတွက် ပိုရင်းနှီးမြုပ်နှံကြဖို့ နယ်သာလန်ဆော်သြ

ဆိုင်ဘာ အင်တာနက် လောကအတွင်း တာဝန်ခံမှု ရှိတဲ့ အမူအကျင့်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးဖို့ နိုင်ငံတကာ အစိုးရတွေနဲ့ ပုဂ္ဂလိက ကဏ္ဍ ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့အပြီး နယ်သာလန် ဝန်ကြီးချုပ် မာ့ခ် ရူတဒ်က ဆိုင်ဘာလုံခြုံရေးအတွက် ပိုပြီး ရင်းနှီးမြှုပ်နှံကြဖို့ ကြာသပတေးနေ့က ဆော်သြ လိုက်ပါတယ်။ DVB TV – 17.04.2015

ဈေးဝယ်သူတွေကို လိမ်လည်မှုနဲ့ အီးယူက ဂူဂယ်ကို တရားစွဲ

အီးယူက ဂူဂယ်နည်းပညာကုမ္ပဏီကို အင်တာနက်ဈေးဝယ်သူတွေကို လိမ်လည်မှုနဲ့ ကြာသပတေးနေ့က တရားစွဲလိုက်ပါတယ်။ ဂူဂယ်ကုမ္ပဏီဟာ အင်တာနက် ဈေးဝယ် သူတွေက online ပေါ်မှာ ပစ္စည်းတခုကိုဝယ်ဖို့ရှာလိုက်ရင် သူ့ရောင်းစေချင်တဲ့၊ သူနဲ့ချိတ်ဆက်ထားတဲ့ပစ္စည်းတွေကို ဦးစားပေးရှာပေးပြီး ဈေးဝယ်သူတွေကို ၀ယ်စေ ခဲ့တယ်လို့ စွပ်စွဲခံရတာပါ။ ဒါဟာ လွတ်လပ်မျှတတဲ့ ပြိုင်ဆိုင်မှုကို ချိုးဖောက်တာဖြစ်တယ်လို့လည်း ပြစ်တင်ခံရပါတယ်။ DVB TV – 17.04.2015

အမေရိကန်တွင် ၁ နှစ် ကလေးကို ၃ နှစ် ကလေးက သေနတ်ဖြင့် ပစ်သတ်

အမေရိကန်နိုင်ငံ အိုဟိုင်းအိုးပြည်နယ် ကလိဗ်လန်းမြို့မှာ အသက် ၃ နှစ်သား ကလေးတယောက်က အသက် ၁ နှစ်သား ကလေးကို ဧပြီ ၁၂ ရက်နေ့က သေနတ်နဲ့ အသေ ပစ်သတ်ခဲ့တယ်လို့ ရဲက ပြောပါတယ်။ ဒီအမှုအတွက် ၃ နှစ်သားကို တာဝန်ခံအဖြစ် ဖမ်းဖို့ မဖြစ်နိုင်ဘူး။ အိမ်မှာ သေနတ်ကို ထားခဲ့တဲ့ လူကြီးတွေကို ဖမ်းဆီးဖို့ စီစဉ်နေတယ်လို့ ကလိဗ်လန်းမြို့ ရဲမှူး ကယ်လ်ဗင် ဝီလျံစ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ကလေးအတော်များများ ကစားနေတဲ့အိမ်မှာ သေနတ်ကို ချန်ထားခဲ့တာလို့ ရဲက ပြောပါတယ်။ ဧပြီ ၁၃ ရက်နေ့ မနက်ထိတော့ ဘယ်လို ဖမ်းဆီးမှုကိုမှ မလုပ်ရသေးဘူးလို့ ရဲအရာရှိတယောက်က ပြောပါတယ်။

စစ်အုပ်ချုပ်ရေးဥပဒေ ရုပ်သိမ်းကြောင်း ထိုင်းအစိုးရ ကြေညာ

ထိုင်းစစ်အစိုးရက ၁၀ လကြာ ပြဌာန်းခဲ့တဲ့ စစ်အုပ်ချုပ်ရေးဥပဒေကို ပြန်ရုပ်သိမ်းလိုက်တယ်လို့ ဗုဒ္ဓဟူးနေ့ ညက ကြေညာချက်ထုတ်ပြန်ပါတယ်။ ထိုင်းဝန်ကြီးချုပ် ချန်အိုချာရဲ့အမိန့်နဲ့ ရုပ်မြင်သံကြားမှာ ထုတ်ပြန်ကြေ ညာ ခဲ့ပြီး လုံခြုံရေးဥပဒေ ပုဒ်မ ၄၄ နဲ့ အစားထိုးမယ်လို့ ကြေညာပါတယ်။

ထိုင်းဘုရင့်သမီးတော် ရုပ်ပု့ပါ ဘတ် ၁၀၀ တန် ငွေစက္ကူသစ် ထုတ်ဝေ

ထိုင်းဘုရင့်သမီးတော် မဟာချက္ကရီသီရိဒုံရဲ့ အသက် ၆၀ ပြည့် အထိမ်းအမှတ်အနေနဲ့ ထိုင်းအမျိုးသား ဗဟိုဘဏ်ကနေ ဘတ် ၁၀၀ တန် ငွေစက္ကူသစ် ထုတ်ဝေမှာ ဖြစ်ပါတယ်။အရှင့်သမီးတော်ရဲ့ ထိုင်းပြည်သူတို့ပေါ်ထားရှိတဲ့ မေတ္တာတရား၊ ဆောင်ရွက်ချက်တွေအပေါ် ကျေးဇူးတင်ရှိကြောင်း ပြသတဲ့အနေနဲ့ သမီးတော်ရုပ်ပုံပါ ၁၀၀ တန်ငွေစက္ကူကို မွေးနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေတာလို့ ထိုင်းအမျိုးသားဗဟိုဘဏ်ဥက္ကဋ္ဌ ကထုတ်ပြန်ကြေညာပါတယ်

မုန်တိုင်း Maysak အတွက် ဖိလစ်ပိုင်မှာ အရေးပေါ် ပြင်ဆင်

လာမယ့်စနေ၊ တနင်္ဂနွေနေ့တွေမှာ ဖိလစ်ပိုင်နိုင်ငံအရှေ့ပိုင်းကို အင်အားပြင်းမုန်တိုင်းတလုံး ထပ်မံ ၀င်ရောက်ဖို့ရှိနေအတွက် ဖိလစ်ပိုင်နိုင်ငံမှာ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ပြင်ဆင်နေရ ပြန်ပါတယ်။ တိုင်ဖွန်းမုန်တိုင်း Maysak ဟာ လက်ရှိတနာရီ ၁၅၅ မိုင်နှုန်းနဲ့ ဖိလစ်ပိုင်နိုင်ငံအရှေ့ဖက် မိုင် ၇၀၀ အကွာမှာတိုက်ခတ်နေပြီး အနောက်မြောက်ဖက်ကို ရွေ့လျားနေပါတယ်။

လှုပ်လှုပ်ရှားရှား ကမ္ဘာတလွှား (၁ ဧပြီ ၂၀၁၅)

လှုပ်လှုပ်ရှားရှား ကမ္ဘာတလွှား တင်ဆက် – ဒေါ်ခင်မင်းဇော် ရိုက်ကူး – ဒီဗွီဘီ တည်းဖြတ် – ဒေါ်ခင်မင်းဇော်

လှုပ်လှုပ်ရှားရှား ကမ္ဘာတလွှား အစီအစဉ်

လှုပ်လှုပ်ရှားရှား ကမ္ဘာတလွှား အစီအစဉ် (မတ်လ) တင်ဆက် – ဒေါ်ခင်မင်းဇော် ရိုက်ကူး – ဒီဗွီဘီ တည်းဖြတ် – ဒေါ်ခင်မင်းဇော်