တိုင်းရင်းသားရေးရာ

Ethnic related news

Latest
Most Viewed
Most Commented
စစ်တွေမှာ လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံး လူစုခွဲခဲ့ရ

စစ်တွေမြို့ ၊ ဆတ်ရိုးကျ ချောင်းအတွင်းမှာ ထောက်ပံ့ရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ စက်လှေတစ်စီးအတွင်း မသာင်္ကာဖွယ်ရာ ပစ္စည်းတွေ ပါဝင်နေတယ်ဆိုပြီး ဒေသခံတွေက ဟန့်ထားခဲ့တာကြာင့် လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံး လူစုခွဲခဲ့ရပါတယ်။ ဒီသတင်းကို ဆုဆုသွယ်ကပေးပို့ထားပါတယ်။ DVB TV – 21.09.2017

နိုင်ငံတော်အတိုင်ပင်ခံ မိန့်ခွန်းကို ပြည်သူတွေ အများအပြား လာရောက်ကြည့်ရှု

ရန်ကုန် မြို့တော်ခန်းမရှေ့မှာ တိုက်ရိုက်ထုတ်လွင့်ပြသခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ရဲ့ မိန့်ခွန်းကို ပြည်သူတွေ အများအပြား လာရောက် ကြည့်ရှုအားပေးခဲ့ကြပါတယ်။ ဦးစည်သူဇေယျ သတင်းပေးပို့ထားပါတယ်။ DVB TV – 19.09.2017

အကြမ်းဖက်မှုတွေကို လုံခြုံရေးအရ ထိန်းထားနိုင်ပြီလို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပု ပြော

ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကို လုံခြုံရေးအရ ထိန်းထားနိုင်ပြီလို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုက ပြောကြားလိုက်ပါတယ်။ ဒီသတင်းကို ဒေါ်ခင်ရူပါ တင်ဆက်ထားပါတယ်။ DVB TV – 28.08.2017

စစ်ဘေးရှောင် ကချင်လူငယ်များ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း သွားရောက်လေ့လာ

ကချင်နဲ့ ရှမ်းပြည်နယ်တွေက စစ်ဘေးရှောင် ကချင်လူငယ် ၂၀ ကျော်ဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိုသွားလေ့လာတဲ့ သတင်းကို ခွန်ဘသာ တင်ဆက်ထားပါတယ်။ ရိုက်ကူး လွင်မှိုင်း DVB TV – 31.05.2017

တိုင်းရင်းသားတွေရဲ့ မြေနေရာတွေကို သိမ်းယူနေတာ ငြိမ်းချမ်းရေး ထိခိုက်လာနိုင်

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်နေတဲ့ကာလမှာ စစ်တပ်က တိုင်းရင်းသားတွေရဲ့ မြေနေရာတွေကို သိမ်းယူနေတာဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ထိခိုက်လာနိုင်တယ်လို့ အရပ်ဘက် အဖွဲ့အစည်းတွေက ပြောပါတယ်။ ဒီသတင်းကို ခိုင်ပန်းနု ပေးပို့ထားပါတယ်။ DVB TV – 02.05.2017

ဒေါ်အောင်ဆန်းစုကြည် အန်စီအေ အစည်းအဝေး၌ ပြောသည့် မိန့်ခွန်း

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်မှာရှိတဲ့ သင်္ဂဟဟိုတယ်မှာ ဧပြီ ၂၄ ရက်မနက်က ကျင်းပပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ရိုက်ကူး – အောင်ကိုကိုလတ် DVB TV – 24.04.2017

ဖက်ဒရယ်ဒီမိုကရေစီ လမ်းညွန်အခြေခံမှုကိစ္စ ပင်လုံလက်စွဲ စာတမ်း ကိစ္စတွေကို အတည်ပြု

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲအစည်းတွေရဲ့ ထိပ်သီးခေါင်းဆောင်တွေ အစည်းအဝေးကနေ ဖက်ဒရယ်ဒီမိုကရေစီ လမ်းညွန်အခြေခံမှုကိစ္စ၊ ပင်လုံလက်စွဲ စာတမ်းစတဲ့ကိစ္စတွေကို အတည်ပြုနိုင်ခဲ့ပါတယ်။ ခွန်ဘသာ တင်ဆက်ထားပါတယ်။ DVB TV – 10.04.2017

IDP စခန်းမျိုးတွေ မရှိအောင် ငြိမ်းချမ်းရေး ရအောင်လုပ်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

ရေရှည်မှာ ဒီလို IDP စခန်းမျိုးတွေ မရှိအောင် ငြိမ်းချမ်းရေး ရအောင်လုပ်ရမယ်လို့ ကချင်ပြည်နယ် စစ်ရှောင်စခန်းတွေကို သွားရောက်စဉ်မှာ နိုင်ငံတော်ဧ။်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။ ဒေါ်သင်းသင်းနွယ်က သတင်းပေးပို့ထားပါတယ်။ DVB TV – 28.03.2017

လူငယ်တွေကြား ရင်းနှီးမှုတိုးဖို့ လူရှိုင်း ချင်းရိုးရာ နပန်းပွဲ ကျင်းပ

လူငယ်တွေအကြား ချစ်ကြည်ရင်းနှီးမှု တိုးပွားစေရေးအတွက် ရည်ရွယ်ပြီး လူရှိုင်း ချင်းရိုးရာ နပန်းပွဲ ကျင်းပတဲ့ သတင်းကို ခွန်ဘသာက တင်ဆက်ထားပါတယ်။ ရိုက်ကူး – မင်းရဲစစ်နိုင် DVB TV – 22.03.2017