DVB Debate

မြေယာပြဿနာများ၊ ပြုပြင်ပြောင်းလဲရေး၊ အကျင့်ပျက်ခြစားမှု၊ လူမျိုရေးပဋိပက္ခ၊ ငြိမ်းချမ်းရေး တည်ဆောက်မှု၊ အမျိုးသမီးများ ခွဲခြားဆက်ဆံခံရမှု၊ မြို့ပြအိမ်ရာစီမံကိန်း၊ စားသုံးသူ အခွင့်အရေး၊ ကျန်းမာရေးဝန်ဆောင်မှု၊ ပညာရေးဥပဒေ စရှိသဖြင့် ယနေ့ခေတ်မြန်မာပြည်သူတွေ ရင်ဆိုင်နေရသော အငြင်းပွားဖွယ် ပြဿနာများနှင့် ပတ်သက်ပြီး လူတန်းစားအမျိုးမျိုး၊ အလွှာပေါင်းအစုံစုံ၊ ဘက်အသီးသီးမှ မတူကွဲပြား ခြားနားဆန့်ကျင်သော အပြန်အလှန်ဆွေးနွေးမှုများ၊ အခြေအတင် ငြင်းခုံမှုများကို တင်ပြထားသည့် အပတ်စဉ် အစီအစဉ်ဖြစ်သည်။

Latest
Most Viewed
Most Commented
“ သက်ငယ်အဓမ္မပြုကျင့်မှုတွေ ပပျောက် အောင် ဘယ်လိုတားဆီးကြမလဲ”

“ သက်ငယ်အဓမ္မပြုကျင့်မှုတွေ ပပျောက် အောင် ဘယ်လိုတားဆီးကြမလဲ” “ကျမ နောက်ဆုံးလိုက်ခဲ့ရတဲ့အမှုဆိုရင် ဘာသာရေးလုပ်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်က သူ့ကျောင်းမှာနေတဲ့မိဘမဲ့ကလေး ၃ ယောက်ကို စော်ကားတဲ့အမှု။ အဲဒီမှာ မြို့နယ်ကိုအမှုတင်လိုက်တယ်…ဆိုတော့ မြို့နယ်ဆိုရင် ၇ နှစ်နဲ့ပြီးမှာ…လွတ်ငြိမ်းသက်သာလာရင် သူ ခဏလေးနဲ့ပြန် လွတ်သွားမှာ။ အဲဒီတော့ ကျမတို့က ခရိုင်ထိရောက်အောင် မနည်းကိုကြိုးစားပြီး လုပ်ခဲ့ရတယ်” “မုဒိမ်းမှုကျူးလွန်သူတွေကို သေဒဏ်ပေးလိုက်ခြင်းက အကောင်းဆုံးပဲ…လူ့အခွင့်အရေးကိုကာကွယ်မယ်လို့ ပြောနေတဲ့သူတွေ ဟာ တကယ့်ကို လူမဖြစ်ခင်ကတည်းက လူ့အခွင့်ရေးနစ်နာဆုံးရှုံးသွားတဲ့ ကလေးသူငယ်တွေအတွက် အခု ဒုတိယအကြိမ်လွှတ်တော်မှာ သူတို့ဘာလုပ်ကြမလဲ ကျနော်စောင့်ကြည့်နေတယ်” “လူ့အခွင့်အရေးရှုဒေါင့်နဲ့ပြန်ပြီးတော့ချင့်ချိန်မယ်ဆိုလို့ရှိရင် သေဒဏ်ဆို တာထက် သူ့ကို တစ်သက်တစ်ကျွန်း…စထောင်ချကတည်းက ဆုံးသွားတဲ့အထိ ပြန်လွတ်လာခြင်းမရှိတဲ့ တစ်သက်တစ်ကျွန်းဖြစ်သင့် တယ်လို့ ကျမအနေနဲ့ ယူဆပါတယ်”

“အသေးစား အလတ်စားစီးပွားရေးလုပ်ငန်းတွေ စတင်ဖို့ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေလဲ’’

“အသေးစား အလတ်စားစီးပွားရေးလုပ်ငန်းတွေ စတင်ဖို့ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေလဲ’’ ” ဆရာ နားလည်သလိုပြောရရင် အခုအချိန်ထိ အသေးစား အလတ်စားလုပ်ငန်းတွေရဲ့ အရေးပါမှုကို အသိအမှတ်မပြုနိုင်သေးဘူး နားမလည်နိုင်သေးဘူးလို့ မြင်တယ်။ နောက် ဦးသိန်းစိန်လက်ထပ်…အခု NLD ရဲ့စီပွားရေးမူဝါဒ ၆ ချက် …မပါဘူး” “မြန်မာနိုင်ငံရဲ့ အသေးစားလုပ်ငန်းရှင် အနက်ဖွင့်ရင် တော်တော် ပြဿနာရှိတယ်။ ဘာလဲဆိုရင် ကျနော်ကိုယ်တိုင်မေးမြန်းကြည့်တဲ့ အခါမှာ တော်တော်အံ့သြဖို့ကောင်းတာက မြန်မာနိုင်ငံပြည်တွင်း လက်သဲနီဈေးကွက်မှာ ထိပ်ဆုံအရောင်းရဆုံးက အလုပ်သမား ၅ ယောက်ပဲရှိတယ်” “ဒါတွေနဲ့ပတ်သတ်ပြီး ကျမတို့ အဖွဲ့အစည်းတွေကို ပြန်ဖွဲ့မယ့်အချိန်ပဲရှိ သေးတယ်…စမယ့်အချိန်ပဲရှိသေးတာပေါ့…အပြည့်အ၀အသက်သွင်းတာ မဟုတ်သေးဘူးပေါ့။ အပြည့်အ၀အသက်သွင်းပြီးရင်တော့ စလုပ်တဲ့ နေရာကနေ ၅ နှစ်အတွင်း အခွန်ကင်းလွတ်ခွင့်ရမယ်

“လွှတ်တော်သစ်အခင်းအကျင်း”

“လွှတ်တော်သစ်အခင်းအကျင်း” “တိုင်းရင်းသားတွေကို ဦးစားပေးရွေးချယ်တယ်လို့တော့ ခံစားရပါတယ်…ဒါပေမယ့် တကယ်တန်းတိုင်းရင်းသားတွေကို ပေးတဲ့နေရာမျိုးဟာ တိုင်းရင်းသားတွေအတွက် အခွင့်အရေးပေးနိုင်တဲ့ နေရာမျိုး လုပ်ပိုင်ခွင့်ရှိတဲ့နေရာမျိုး ဖြစ်ဖို့လိုပါတယ်” “NLD အနေနဲ့က ဖြတ်သန်းလာခဲ့တဲ့ခရီးက ကြမ်းခဲ့တယ်… အတွေ့အကြုံလည်းအများကြီးရခဲ့ပြီးဖြစ်တယ်… နောက်ပြီး သူတို့ကြွေးကြော်ထားတဲ့အတိုင်း တိုင်းပြည်အနာဂတ်အတွက် လုပ်ဆောင်မယ့်တာဝန်တွေ အများကြီးကို ရှေ့ဆက်အကောင် အထည်ဖော်နိုင်မယ်လို့မြင်တယ်” “အခု NLD သည်လည်း လွှတ်တော်ထဲမှာ အများစုဖြစ်တဲ့အတွက်ကြောင့် တစ်ပါတီပုံသဏ္ဍန် သက်ရောက်တယ်…အဲတော့ မှန်ကန်တဲ့ ဒီမိုကရေစီပုံစံဆိုတာ မဖြစ်နိုင်သေးဘူး…ဘယ်လိုပဲဖြစ်ဖြစ် အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေအားလုံး တက်လာနိုင်တာ မဟုတ်သေး တဲ့အတွက်ကြောင့် အားသာတဲ့ဘက်ကို ထောက်ခံတဲ့အပိုင်းကများနေမယ်”

“ ပြည်ထဲရေးဝန်ကြီးဌာန ဘယ်လောက် ညင် သာပြီး မြင်သာမှုရှိလာမလဲ”

“ ပြည်ထဲရေးဝန်ကြီးဌာန ဘယ်လောက် ညင် သာပြီး မြင်သာမှုရှိလာမလဲ” “လျှို့ဝှက်မဲဖြစ်ရမယ်…အသက်ပြည့်ပြီးသူတိုင်း တစ်ယောက် တစ်မဲပေးပိုင်ခွင့်ရှိရမယ်… ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက လူထုက တိုက်ရိုက်ရွေးချယ် တင်မြှောက် တာဖြစ်ရမယ်… အခုက ဆယ်အိမ်စုမှူးရွေး ပြီးတော့မှ အဆင့်ဆင့်ထပ်ရွေးတာဆိုတော့ ရှုပ်ထွေးနေတယ်” “အခု ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက သူတို့ရဲ့အဆင့်က ဘာဖြစ်နေလဲဆိုတော့ ဧည့်စာရင်းပေးဖို့ အဆင့်လောက်ပဲဖြစ်နေတယ်…သူတို့က မပြောရဲ မဆိုရဲ မလုပ်ရဲ မကိုင်ရဲနဲ့ပေါ့…အမှန်တော့ လူထု ကရွေးလိုက်တယ်ဆိုပေမယ့် သူတို့အလုပ်တွေကိုနားမလည်ဘူး” “တိုက်ရိုက်ခန့်အပ်ထားတဲ့သူက ညွှန်ကြားတယ်ဆိုတာကို မလိုချင်တာ…အဲတော့ ဘယ်ဝန်ကြီးဌာနအောက်မှာ ထားမယ်ဆိုတာက အရေးမကြီးဘူး…ရွေးချယ်ခံထားရတဲ့သူအချင်းချင်း က အထက်အောက်မှာ ရှိနေရမယ်ဆိုတာ အဲဒါကို ကျနော်အဓိက အာရုံထားချင်တာ”

Debate – အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေးကို ဘယ်လိုဆက်လက် အကောင်အထည်ဖော်မလဲ

“ အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေးကို ဘယ်လိုဆက်လက် အကောင်အထည်ဖော်မလဲ” ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ လူထုရဲ့တခဲနက် ထောက်ခံမှုနဲ့ အင်န်အယ်လ်ဒီဟာ တောင်ပြိုကမ်းပြိုအနိုင်ရခဲ့ပါတယ်။ ငြိမ်းချမ်းရေးအပါအ၀င် နှစ်ပေါင်း ၅၀ ကျော် မပြည့်ဝခဲ့တဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ လိုအင်တွေဟာ လပိုင်းအတွင်း အစိုးရသစ်ဖြစ်လာတော့မယ့် အင်န်အယ်လ်ဒီရဲ့ပခုံးပေါ် အသင့်ရောက်နေပါပြီ။ ငြိမ်းချမ်းရေးဟာ ပြည်မမှာ မသိသာပေမယ့် ပြည်နယ်တွေမှာ အသက်နဲ့အမျှ ရဖို့ရှိဖို့ အရေးကြီးနေပါတယ်။ “အင်န်အယ်လ်ဒီအစိုးရလက်ထက် ငြိမ်းချမ်းရေးခရီး ဘယ်လိုရှေ့ဆက်မလဲ“ ခေါင်းစဉ်နဲ့ DVB ဒီဘိတ်ကို ဇန်န၀ါရီ ၂၃၊ ၂၀၁၆ က တင်ဆက်ခဲ့ပါတယ်။ ဦးဆောင်ဆွေးနွေးသူတွေက မြန်မာငြိမ်းချမ်းရေးစင်တာ (အမ်ပီစီ) အဖွဲ့ဝင် ဒေါက်တာအင်ဒရူး ငွန်ကျုံးလျန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) ဗဟိုသုတေသနလမ်းညွှန်အဖွဲ့ အတွင်းရေးမှူးနဲ့ ဗေဒါအင်စတီကျူ့ ဒါရိုက်တာ ဦးမျိုးရန်နောင်သိမ်း၊ စာရေးဆရာနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ …Read more »

“အစိုးရသစ် လက်ထက်မှာ ဆင်းရဲမွဲတေမှုကို ဘယ်လိုလျော့ ချနိုင်မလဲ’’

အစိုးရသစ်လက်ထက် ဆင်းရဲမွဲတေမှု ဘယ်လိုလျှော့မလဲ?? ဒီမိုကရေစီလမ်းကို လျှောက်လှမ်းပြီဆိုရင်တော့ အစိုးရဆိုတာ ငါးနှစ်တစ်ခါ ပြောင်းနေမှာပဲ ဖြစ်ပါတယ်။ လက်ရှိအစိုးရဟာ မကြာခင်လပိုင်းအတွင်းမှာပဲ သက်တမ်းကုန်တော့မှာဖြစ်ပြီး၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့တဲ့ အင်န်အယ်လ်ဒီ ဦးဆောင်မယ့် အစိုးရသစ်ကို ပြည်သူတွေ ရရှိတော့မှာပါ။ ဒေသတွင်းမှာရော အိမ်နီးချင်းနိုင်ငံတွေကြားမှာပါ မြန်မာဟာ ဆင်းရဲတဲ့ ပြည်သူတွေများတဲ့ နိုင်ငံအဖြစ် ရှိနေဆဲမို့ “အစိုးရသစ်လက်ထက်မှာ ဆင်းရဲမွဲတေမှုကို ဘယ်လိုလျှော့မလဲ“ ခေါင်းစဉ်နဲ့ DVB ဒီဘိတ်ကို မျိုးမျိုးက ဇန်န၀ါရီ ၁၆ က တင်ဆက်ပါတယ်။ ဦးဆောင်ဆွေးနွေးသူတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) စီးပွားရေးကော်မတီဝင်နဲ့ စိုက်ပျိုးရေးဆိုင်ရာ ဘောဂဗေဒပညာရှင် ဦးလေးညွန့်၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေး၊ မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်း အထွေထွေအတွင်းရေးမှူး …Read more »

DVB Debate – မြေသိမ်းယာသိမ်းကို ဘယ်လိုထိန်းမလဲ

DVB Debate – မြေသိမ်းယာသိမ်း ဘယ်လိုထိန်းမလဲ DVB ဒီဘိတ်က အခါအားလျော်စွာ ရန်ကုန်ပြင်ပ မြို့နယ်များဆီ ထွက်ပြီး ဒီဘိတ်ပွဲများ ရိုက်ကူးခဲ့ရာ ၂၀၁၅ ဒီဇင်ဘာနောက်ဆုံးပတ်မှာ တနင်္သာရီတိုင်းမြို့တော် ထားဝယ်ကို ရောက်ခဲ့ပါတယ်။ လက်ရှိ DVB ဒီဘိတ်ရာသီရဲ့ နောက်ဆုံးပွဲလည်း ဖြစ်တာနဲ့အညီ ထားဝယ်အထူးဒီဘိတ်မှာ ဦးရေ ၂၀၀ ၀န်းကျင်နဲ့ လူအတော်ပင် စည်ကားခဲ့ပါတယ်။ ဒီဘိတ်ခေါင်းစဉ်မှာ “မြေသိမ်းယာသိမ်းကို ဘယ်လိုထိန်းမလဲ“ ဖြစ်ပြီး မျိုးမျိုးက တင်ဆက်ခဲ့ပါတယ်။ ဦးဆောင်ဆွေးနွေးသူများမှာ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေးမှူး ဦးခင်မောင်ချို၊ ထားဝယ်ဖွံ့ဖြိုးမှုအသင်း ဒါရိုက်တာ ဦးသန့်ဇင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကြည်စိုး၊ ထားဝယ်အမျိုးသမီးများသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဒေါ်စုစုတို့ ဖြစ်ပါတယ်။ ဖွံဖြိုးရေးစီမံကိန်းနဲ့ လျော်ကြေးပြဿနာ …Read more »

“လူငယ်တွေမူးယစ် သားကောင် မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ’’

“လူငယ်တွေမူးယစ် သားကောင် မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ’’ “ကုသရေးထက် အမှန်က ကာကွယ်ရမှာ…ဥပမာ ဘိန်းဆိုရင် စိုက်ပျိုးပြီးတော့မှ ဘိန်းဖြစ်လာတာ…စိုက်ပျိုးဧရိယာကို အရင်လျော့ချရမှာ” “ဖမ်းမိတဲ့အထဲမှာ ဗိုလ်မှူးအဆင့်ရှိသူတွေ ဗိုလ်ချုပ်အဆင့်ရှိသူတွေပါတယ်..ကျနော်တို့နိုင်ငံက ခရိုနီလည်းဟုတ်တယ်… ပြည်သူ့စစ်လည်းဟုတ်တယ်…ပြီးတော့ လွှတ်တော်ထဲ ၀င်ထိုင်လို့လည်းရနေတယ်ဆိုတော့ ကျနော်တို့ ဘာပြောလို့ရမလဲ” “မန္တလေးမှာ ကလေး ၂ ယောက်ကို ကျောင်းထားထားတယ်…တစ်နှစ်ကို သိန်း ၂၀ ကုန်ပါတယ်တဲ့…အဲဒီတော့ ဒီကလေးတွေ ကျောင်းထားရဖို့အတွက် ဘိန်းစိုက်ရပါတယ်တဲ့…သူ့တို့ကို ဘိန်းအစားထိုးစိုက်ပျိုးဖို့ကို တစ်လ သိန်း ၂၀ ရအောင် ကျနော်က ရှာပေးရမလိုဖြစ်နေတယ်”

“စစ်မှန်တဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ်ရရှိအောင် ဘယ်လိုသွားကြမလဲ”

“စစ်မှန်တဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ်ရရှိအောင် ဘယ်လိုသွားကြမလဲ” ” အခုဖြစ်နေတဲ့ စစ်ပွဲတွေဟာ ထိုးစစ်လား မတော်တဆဖြစ် တဲ့စစ်ပွဲတွေလားဆိုတာ ဆန်းစစ်ဖို့အတွက် အခုနောက်ပိုင်းဖြစ်တဲ့ စစ်ပွဲတွေမှာ တပ်မတော်ကသုံးတဲ့ စစ်နည်းဗျူဟာတွေဟာ အရင်တုန်းက မကြုံဖူးတဲ့ အလွန်အကျွံ လေယာဉ်ပျံတွေ၊ ရဟက်ယာဉ်တွေသုံးပြီးတော့မှ ဖိတိုက်နေတာဟာ မတော်တဆရော ဟုတ်ရဲ့လား” “ထိပ်ပိုင်းခေါင်းဆောင်တွေမပါဘူးဆိုတာမဟုတ်ပါဘူး…၈ ဖွံ့လုံးပါနေပါတယ်…မပါဘူးဆိုတာ မဟုတ်ပါဘူး” “မှန်ပါတယ်…၈ ဖွဲ့ပါတယ်ဆိုတာ ကျနော်မငြင်းပါဘူး…အဲဒီ ၈ ဖွဲ့ကိုယ်တိုင် လက်မှတ်မထိုးတဲ့အဖွဲ့အစည်းတွေကိုလည်း Framework ရေးဆွဲတဲ့အခါမှာ ခေါ်ပါလို့တောင်းဆိုခဲ့တယ်” “အစိုးရကိုက မခေါ်တာ” “စစ်တပ်နဲ့အတူတကွတွဲပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုပါ ပူးတွဲဖိတ်ခေါ်ပြီးတော့ တကယ့်စစ်မှန်တဲ့ Political Dialogue ဖြစ်လာဖို့အတွက် ဒီ Framework ကို သေသေချာချာ…ဒီလက်မှတ်မထိုးတဲ့အဖွဲ့တွေကို အစိုးရက သဘောထားကြီးပေးပါလို့ ပြောချင်တယ်”