DVB Debate

မြေယာပြဿနာများ၊ ပြုပြင်ပြောင်းလဲရေး၊ အကျင့်ပျက်ခြစားမှု၊ လူမျိုရေးပဋိပက္ခ၊ ငြိမ်းချမ်းရေး တည်ဆောက်မှု၊ အမျိုးသမီးများ ခွဲခြားဆက်ဆံခံရမှု၊ မြို့ပြအိမ်ရာစီမံကိန်း၊ စားသုံးသူ အခွင့်အရေး၊ ကျန်းမာရေးဝန်ဆောင်မှု၊ ပညာရေးဥပဒေ စရှိသဖြင့် ယနေ့ခေတ်မြန်မာပြည်သူတွေ ရင်ဆိုင်နေရသော အငြင်းပွားဖွယ် ပြဿနာများနှင့် ပတ်သက်ပြီး လူတန်းစားအမျိုးမျိုး၊ အလွှာပေါင်းအစုံစုံ၊ ဘက်အသီးသီးမှ မတူကွဲပြား ခြားနားဆန့်ကျင်သော အပြန်အလှန်ဆွေးနွေးမှုများ၊ အခြေအတင် ငြင်းခုံမှုများကို တင်ပြထားသည့် အပတ်စဉ် အစီအစဉ်ဖြစ်သည်။

Latest
Most Viewed
Most Commented
လူငယ်တွေနိုင်ငံတည်ဆောက်ရေးမှာ ဘယ်လိုပါဝင်နိုင်မလဲ

လူငယ်တွေနိုင်ငံတည်ဆောက်ရေးမှာ ဘယ်လိုပါဝင်နိုင်မလဲ “ ကျမပြောချင်တာက နေရာဖယ်ပေးပါမဟုတ်ဘူး…လူငယ်တွေကို နေရာမျှပေးပါ…လက်တွဲခေါ်ဆောင်ပေးပါ။ လူကြီးတွေက မျှော်လင့်ချက်များများလိုချင်ရင် များများတွဲခေါ်ပေးပါ” “အခု ပွင့်လင်းလာပြီ…ဆိုတဲ့ခါကျတော့ လူငယ်တွေမှာ မသိစိတ်ဓါတ်ကြီးက စွဲနေတာရှိတယ်… အဲဒါဘာလဲဆိုတော့ ပညာတစ်ခုကို သင်မယ်ဆိုတဲ့တစ်ပြိုင်တည်းမှာ ဆရာရှိမှ သင်ချင်တဲ့စိတ်…အဲဒါကြီးကဖျက်တော့တာပဲ” “ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က တကယ်တမ်းပြောရရင် လူငယ်ပါပဲ…ဆိုတော့ လူငယ်တွေ တာဝန်မကျေဘူးလို့ ပြောလာရင် ကျနော့်အနေနဲ့ လုံးဝလက်မခံပါဘူး”

“မြန်မာ့ရုပ်ရှင်လုပ်ငန်းကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုမြှင့်တင်ကြမလဲ’’

“မြန်မာ့ရုပ်ရှင်လုပ်ငန်းကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုမြှင့်တင်ကြမလဲ’’ “အနုပညာနဲ့ပါတ်သတ်လို့ကတော့ ရှိတဲ့ အနုပညာရှင်တွေက သူဟာနဲ့သူတော့ ကြိုးစားနေကြတာပဲ” (ဒေါ်မြင့်မြင့်ခိုင်-စိမ်းဝါနီ ရုပ်ရှင်ထုတ်လုပ်ရေး) “အနုပညာရှင်တွေ ကြိုးစားနေတယ်လို့ ကျနော်လုံးဝမမြင်ဘူး…ထင်တာ မပြောဘူး…ကိုယ်တွေ့ကြုံနေတာလေ…ဒီလောကပေါ်မှာ စေတနာရှိပါတယ်ဆိုတဲ့ အနုပညာရှင်တွေ သူတို့ကိုယ်သူတို့ မှန်နဲ့ပြန်ကြည့်ပြီး မေးခွန်းမေးလိုက်” (ဒါရိုက်တာ ၀ိုင်း) “လူတိုင်းလူတိုင်း ပရောဖက်ရှင်နယ် ဖြစ်သင့်ပါတယ်…တစ်အချက် တရားခံသည် ငွေထုတ်တဲ့သူဖြစ်နေတယ်လို့ ကျနော်ပြောတယ် … ကျနော်တို့နဲ့ စာချုပ်မချုပ်ခင်မှာ သူ မင်းသားမင်းသမီးတွေကို လုံးဝ စာချုပ်မချုပ် ထားဘူး…အဲဒီစာချုပ်တွေ မထိုးသ၍ ကျနော်တို့ ဘယ်လိုလုပ် ဒီစည်းပျက်ကမ်းပျက် Crew တွေနဲ့ ဒီသင်္ဘောကို မောင်းမလဲ” “အလုပ်တစ်ခုလုပ်ဖို့ ပြောတိုင်းပြောတိုင်းမှာ ခင်ဗျားတို့ ညီရင် တက်လာခဲ့ဆိုတဲ့စကား အမြဲတမ်းကြားရတယ်…အခုဟာက တစ်ယောက်က လုပ်လိုက်လို့ ငါမပါရရင် ပက်မကြီးထိုးခွဲမယ်ဆိုတဲ့ စိတ်ဓါတ်တွေ … …Read more »

“မြန်မာဟာ အာဆီယံမှာ ရှေ့ဆောင်နိုင်ငံဖြစ်လာမလား?”

“မြန်မာဟာ အာဆီယံမှာ ရှေ့ဆောင်နိုင်ငံဖြစ်လာမလား?” “အာဆီယံအစည်းအဝေးတွေမှာ မတိုးတက်မဖွံ့ဖြိုးတာထက် ကျမတို့မှာ တိုးတက်ဖွံ့ဖြိုးဖို့ ပိတ်ဆို့မှုတွေ ရှိနေတာကိုး…ဒါပေမယ့် ၂၀၁၅ မှာ အာဆီယံနိုင်ငံတွေ မြန်မာ ဥက္ကဋ္ဌ လုပ်တုန်းက သတ်မှတ်ထားတဲ့ ရည်မှန်းချက်ကို မရောက်နိုင်ဘူး…မြန်မာတင်မဟုတ်ဘူး ကမ္ဘောဒီးယားနဲ့ လာအိုလည်း မရောက်နိုင်ဘူး” “ဥပမာအားဖြင့် တရုတ်နဲ့အမေရိကန်နိုင်ငံတွေကို ကြည့်မယ်ဆိုလို့ရှိရင် တရုတ်ကို စူပါပါဝါလို့တောင်ခေါ်နေကြပြီ …စီးပွားရေးဖွံ့ဖြိုးနှုန်းက ကြီးလွန်းလို့…သို့ပေမယ့် တရုတ်ရဲ့ နိုင်ငံခြားရေးပေါ်လစီမှာ ဘယ်သူက တရုတ်ကို သဘောကျလဲ ဘယ်သူက အတုယူလဲ ဘယ်သူက ဦးဆောင်ပါလို့ပြောလဲ…မပြောပါဘူး” “ကျမတို့နိုင်ငံအနေနဲ့ ဒီမိုကရေစီအရ သိပ်နောက်ကျသေးတယ်…အဲဒီအခါမှာ ကျမတို့က အာဆီယံကိုပဲတစ်ချိန်တည်းမှာ ဦးတည်နေမယ်ဆိုရင် ကိုယ့်နိုင်ငံတွင်း ပြဿနာပိုကြီးထွားနိုင်လာတဲ့အခါမှာ အာဆီယံ တစ်ခုလုံးကို ပြဿနာတွေကူးစက်သွားနိုင်တယ်…ဒါကြောင့်မို့ အဲဒီမတိုင်ခင် ကိုယ့်နိုင်ငံတွင်းမှာ ဦးဆောင်မှု ခိုင်မာဖို့ လိုအပ်ပါတယ်”

“ကျေးလက်ပညာရေးကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ဆောင်ကြမလဲ”

DVB TV – “ကျေးလက်ပညာရေးကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ဆောင်ကြမလဲ” “ကချင်ပြည်နယ်မှာပေါ့…အောက်တိုဘာ ကျောင်းပိတ်သွားလို့ရှိရင် ကျောင်းသားတစ်ဝက်လောက်ပျောက်သွားတယ်…ဘာလို့လည်းဆိုတော့ မိဘတွေအကုန်လုံးက ကောက်ရိတ်သိမ်းချိန်ရောက်လို့ ကောက်ရိတ်သွားကြတဲ့အခါ မိသားစုတစ်ခုလုံးက ရွာကနေ ကွင်းတွေထဲဆင်းသွားကြတဲ့အခါ အကုန်လုံးပါသွားကြတယ်လေ” “မသင်မနေရပညာရေးကို ကျမတို့ လုပ်ကြတော့မယ်ဆိုရင် ဌာနတိုင်းမှာ တာဝန်ရှိတယ်…ပြီးတော့ မိဘတွေကို ကလေးတွေပညာသင်ပေးဖို့ လိုအပ်တယ်ဆိုတဲ့ဟာကို များများပြောဖို့အတွက်က အစိုးရက ဘက်ဂျက်သုံးစရာမလိုဘူး…အရပ်သားလူမှုအဖွဲ့အစည်းတွေ ဘုန်တော်ကြီးကျောင်းတွေ ခရစ်ယာန်ကျောင်းတွေရှိတယ် အဲဒီ ရှိနေပြီးသားအဖွဲ့အစည်းတွေကို အစိုးရက အသုံးပြုဖို့ပဲ” “ဘုန်းတော်ကြီးကျောင်းတွေကို လက်မခံချင်ဘူးဆိုတာက ဘုန်းတော်ကြီးကျောင်းတွေတင်မဟုတ်ဘူး…တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၊ လူမှုအဖွဲ့အစည်းတွေ ခရစ်ယာန်ဘာသာတွေက ဖွင့်ထားတဲ့ ကျောင်းတွေ အများကြီးရှိတဲ့အထဲမှာ အစိုးရက အသိအမှတ်ပြုတာမရှိပါဘူး”

“လူနည်းစုတွေ တန်းတူအခွင့်အရေးရဖို့ ဘယ်လိုစိန်ခေါ် မှုတွေရှိနေလဲ”

“ကျနော်တို့ဖြစ်နေတာက ဗမာလူမျိုးကြီးနဲ့ လူနည်းစုကြားမှာဖြစ်နေတာ …ဒါပေမယ့် တကယ့်အနှစ်သဘောအရ အဲဒါလည်းမဟုတ်ဘူး…အမှန်က စနစ်ကြောင့်ဖြစ်တာ…ပြည်သူအချင်းချင်းဖြစ်တဲ့ ပြဿနာမဟုတ်ဘူး” “အခြေခံကျတဲ့ဟာတွေကိုတော့ ပေးရမယ်…ပေးမှရမယ်…ပေးတယ်ဆိုတာ ဖွဲ့စည်းပုံပြင်တာ အပါအ၀င်ပေါ့နော်။ အသေးစိတ်တွေကျတော့ ခုနပြောတဲ့ ဥပဒေက ပြဌာန်းပြီးပြီ…အဲဒီအခါမှာ ဖောက်ဖျက်လို့ရှိရင် ဘယ်လို အရေးယူနိုင်တယ်ဆိုတာ တခါတည်းပါပြီးသား” “NLD ပါတီမှာ ချင်းတွေ ကချင်တွေရှိတယ်ပြောနေတယ်…ဥပမာ ချင်းမှာလည်း ပါတီတွေအများကြီးရှိတယ်… ကယားမှာလည်း ပါတီတွေအများကြီးရှိတယ်…ပါတီဟာ ပေါ်လတီကယ် ယူနစ်ပဲဖြစ်တယ်…ပြည်နယ်မှာရှိတဲ့ နိုင်ငံသားအားလုံးကို ကိုယ်စားပြုနေ တာမဟုတ်ဘူး”

အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးကို ဘယ်လိုအကောင်းဆုံး တည်ဆောက်ကြမလဲ

“အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးလို့ ပြောတဲ့အခါမှာ ကျနော်တို့ အဲဒီ အကျိုးစီးပွားတွေနဲ့ပါတ်သတ်ပြီး ပြည်သူလူထုရဲ့အခန်းကဏ္ဍ ပြည်သူလူထုကနေ လွှမ်းမိုးနိုင်တာ ဘယ်လောက်ထိရှိလဲဆိုတာတွေနဲ့ပဲ ကျနော် ယေဘုယျအားဖြင့် ကြည့်ချင်တယ်” “ကျနော်တို့နိုင်ငံက ငြိမ်းချမ်းရေးဆိုတာထက် အမျိုးသားပြန်လည် သင့်မြတ်ရေးကို ရရှိဖို့အတွက် ကျနော်တို့က နိုင်ငံရေးအရ အရင် အဖြေရှာ ဖို့လိုအပ်တယ်…လက်ရှိဖြစ်နေတဲ့ မငြိမ်းချမ်းမှုတွေ မသင့်မြတ်မှုတွေက ပြည်သူလူထုအထဲမှာမဟုတ်ဘူး…စစ်တပ်အချင်းချင်းမှာပါ” “အရပ်ဘက် စစ်ဘက် ဆက်ဆံရေးကို ပိုမိုကောင်းမွန်တဲ့အရွေ့တစ်ခုကို သွားဖို့ဆိုရင် ဖွဲ့စည်းအုပ်ချုပ်ပုံကိုအရင်ပြင်ဖို့လိုတယ်… ကျမ ထပ်ပြောရမယ်ဆိုရင် ပြည်တွင်စစ်ကိုရပ်စဲဖို့အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတစ်ခုကိုဘယ်လိုပုံဖော်မလဲဆိုတာနဲ့ နောက်တစ်ချက်က လုံခြုံရေး ဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးကိစ္စပေါ့ … အဲဒါက လက်ရှိ NLD အစိုးရနဲ့ စစ်တပ်ကလုပ်ရုံနဲ့ မပြီးဘူး”

“ကျူးကျော်ပြဿနာ ဘယ်လိုဖြေရှင်းကြမလဲ?”

“ပြည်သူတွေက ပြောလိုက်လို့ရှိရင် ဒါ နေစရာမရှိတဲ့လူတွေလို့ပဲထင်တယ်။ အမှန်တော့ ရန်ကုန်မြို့မှာ ကျူးကျော်ထားတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ အများကြီးရှိနေတာပဲ။ အဲဒါတွေကျတော့ ကျူးကျော်လို့ ဘာလို့မခေါ်တာလဲ” “housing delivery systems က ခုနပြောသလို ပေါ်လစီရှိရမယ်။ သူများနိုင်ငံတွေမှာလည်း ဒီလိုပဲ တစ်နှစ်တစ်နှစ်ကို ဘယ်လောက်ဆောက်မလဲ တိုးလာတဲ့ လူဦးရေကြီးထွားလာမှုနဲ့ ရွှေပြောင်းလာတဲ့လူဦးရေ ဘယ်လောက်ရှိမလဲ ဒါတွေက ပညာရှင်တွေလုပ်တတ်ပါတယ်” “အများစုက စဉ်းစားလိုက်ရင် ဒီကျူးတွေကိုရှင်းတဲ့အခါ တိုက်ခန်းဆောက်ပေးမယ် တိုက်ပေါ်တင်မယ်ပေါ့။ ဒီဖြေရှင်းမှုဟာ မအောင်မြင်ခဲ့ဘူး။ အဲဒီမအောင်မြင် တာကို ထပ်ထပ်လုပ်ဆောင်နေတယ်။ တကယ်တမ်းဆို လုပ်ဆောင်နိုင်တဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်”

လယ်ယာမြေပြဿနာကို ဘယ်လို မျှဝေဖြေရှင်းမလဲ

လယ်ယာမြေပြဿ နာကို ဘယ်လို မျှဝေဖြေရှင်းမလဲ “ကျနော်ပြောချင်တာက သစ်တောမြေဧက ၅ သောင်းကို ကော်ဖီစိုက်ခင်းတွေ အဖြစ် ၁၉၉၅ ၀န်းကျင် စစ်အစိုးရလက်ထက်မှာ ကော်ဖီဖြစ်ရမယ်လို့ဆိုပြီး ပေးတဲ့အချိန်မှာ ကျနော် မှတ်မိတယ်…၁၉၉၅ ခုနှစ် ၉၆ မှာ ပြင်ဦးလွင် အခုလိုပူသလား…အဲဒီတုန်းက ကော်ဖီစိုက်မယ်ဆိုပြီး အဲဒီထင်းရှူးပင်တွေကို ခုတ်ပစ်လိုက်တယ်…အခုအချိန်လိုက်ကြည့်ပါတယ်… ၅၀ ရာခိုင်နှုန်းက မစိုက်ပါဘူး” “ကျနော်တို့ မြန်မာနိုင်ငံကော်ဖီအသင်းက မြေသိမ်းလို့မရပါဘူးခင်ဗျ…ကျနော်တို့ ဘာအာဏာမှလည်းမရှိပါဘူး.…ကျနော်တို့က လျှောက်ထားခွင့်ပဲရှိပါတယ် …လျှောက်ထားခွင့်ဆိုရာမှာလည်း နိုင်ငံသားတိုင်းက သက်ဆိုင်ရာ တည်းဆဲဥပဒေတွေနဲ့အညီ သက်ဆိုင်ရာဌာနတွေမှာ လျှောက်ထားခွင့်ရှိပါတယ် …ကျနော်တို့ လုံးဝမသိမ်းရပါဘူးခင်ဗျ” “လူထုမှာနစ်နာနေတာတွေကို တိတိကျကျဖော်ထုတ်ရမယ်…ပြဿနာတစ်ခုနဲ့တစ်ခု မတူနိုင်ပါဘူး…အနည်းဆုံး တိုင်းဒေသကြီးပြည်နယ်အစိုးရက ရှင်းလို့ရပါတယ်…တရားရုံးမှာရှင်းရမယ့်ကိစ္စမဟုတ်ဘူး…ဒါမြေယာမှု ခင်းဖြစ်တယ်”

ခေတ်နဲ့လျော်ညီမှု မရှိတော့တဲ့ ဥပဒေတွေကို ဘယ်လိုပြုပြင်သွားမလဲ

“ခေတ်နဲ့လျော်ညီမှု မရှိတော့တဲ့ ဥပဒေတွေကို ဘယ်လိုပြုပြင်သွားမလဲ’’ “ဥပဒေကို ဥပဒေပညာရှင်တွေပြင်မှ မှန်မယ်ဆိုတဲ့အယူအဆက တစ်စိတ်တစ်ဒေသ မှန်ကောင်းမှန်ပါလိမ့်မယ် …ပြည်သူလူထုအသံကို နားထောင်ရမယ်…ပြည်သူလူထုမပါဘဲနဲ့ မြန်မာနိုင်ငံမှာ ဘယ်လိုမှ မှန်ကန်တဲ့ဥပဒေတွေ မထွက်လာနိုင်ဘူး” “တချို့တချို့ဟာတွေက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မလျှော်ညီတာတွေ သွားတွေ့ရတယ်…ဖွဲ့စည်းပုံပဒေဟာပြဌာန်းထားတဲ့ ဥပဒေအားလုံးရဲ့ခေါင်းချုပ်ဖြစ်တယ်…ဒါကြောင့် ပြဌာန်းတဲ့ဥပဒေတွေဟာ ဖွဲ့စည်းပုံဥပဒေနဲ့မညီတာတွေ့ရင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို အမှုတင်သွင်းရပါမယ်…ခုံရုံးက ဒါကို ဆုံးဖြတ်ရမှာ” “ဥပဒေအဟောင်းတွေက ခေတ်နဲ့မလျှော်ညီဘူး လူထုကိုအကျိုးမပြုဘူးဆို ပြင်းကိုပြင်ရမယ်…သို့သော် ပြင်တဲ့နေရာမှာတော့ ဒီနေ့ရေး မနက်ဖြန်ပြင် ဒီလိုမဖြစ်နိုင်ပါဘူး…သူ့ရဲ့ဥပဒေရေးဆွဲရေး လုပ်ထုံးလုပ်နည်း တွေအများကြီးရှိပါတယ်”