DVB Debate

မြေယာပြဿနာများ၊ ပြုပြင်ပြောင်းလဲရေး၊ အကျင့်ပျက်ခြစားမှု၊ လူမျိုရေးပဋိပက္ခ၊ ငြိမ်းချမ်းရေး တည်ဆောက်မှု၊ အမျိုးသမီးများ ခွဲခြားဆက်ဆံခံရမှု၊ မြို့ပြအိမ်ရာစီမံကိန်း၊ စားသုံးသူ အခွင့်အရေး၊ ကျန်းမာရေးဝန်ဆောင်မှု၊ ပညာရေးဥပဒေ စရှိသဖြင့် ယနေ့ခေတ်မြန်မာပြည်သူတွေ ရင်ဆိုင်နေရသော အငြင်းပွားဖွယ် ပြဿနာများနှင့် ပတ်သက်ပြီး လူတန်းစားအမျိုးမျိုး၊ အလွှာပေါင်းအစုံစုံ၊ ဘက်အသီးသီးမှ မတူကွဲပြား ခြားနားဆန့်ကျင်သော အပြန်အလှန်ဆွေးနွေးမှုများ၊ အခြေအတင် ငြင်းခုံမှုများကို တင်ပြထားသည့် အပတ်စဉ် အစီအစဉ်ဖြစ်သည်။

Latest
Most Viewed
Most Commented
DVB TV – “သက်ကြီးရွယ်အိုတွေ ဘယ်လိုရပ်တည်နေရလဲ”

DVB TV – “သက်ကြီးရွယ်အိုတွေ ဘယ်လိုရပ်တည်နေရလဲ” “သက်ကြီးရွယ်အို တော်တော်များများကတော့ ချမ်းသာရင်လဲ ချမ်းသာတဲ့အလျာက်၊ ဒီလို ခေတ်ကြီးထဲမှာပေါ့နော် အိမ်တွင်းမှာ အထီးကျန်နေကြတယ်… အိမ်မှာရှိတဲ့ လူတွေအကုန်လုံး အပြင်ထွက်ပြီး စီးပွားရှာကြတယ်… မြေးတွေဘာတွေဆိုတာလဲ ငယ်ငယ်လေးထဲက ကျောင်းတွေပို့တယ်… ဒါချမ်းသာတဲ့ လူတွေအပိုင်း… နောက်လူလတ်တန်းစားကျတော့လည်း သားသမီးတွေနဲ့ ဒိုးတူဘောင်ဖက် ရုန်းကန်ကြရတယ်… နောက်တစ်ခုကျတော့ စွန့်ပစ်ခံ၊ သူတို့သားသမီးတွေ၊ ဆွေးမျိုးအသိုင်းအဝိုင်းတွေက စားဖို့ကို မနည်းရုန်းကန်နေရတဲ့အတွက် လူတွေက လမ်းဘေးရောက်သွားကြတယ်ပေါ့… နောက်တစ်ခုက ရိပ်သာတိုင်း ရိပ်သာတိုင်းက သူတို့ရဲ့စည်းမျဉ်းစည်းကမ်းတွေ၊ ဘောင်တွေနဲ့ဝင်မှ လက်ခံတယ်… ဒါကတစ်ပိုင်း… နောက်ပြီးတော့ စဉ်စားမိတာ လူကစွန့်ပစ်ခံမဟုတ်ဘူးလေ၊ အမှိုက်မှမဟုတ်တာ အဲ့တော့ တစ်ယောက်မသိမ်းရင် တစ်ယောက်တော့ ကောက်သိမ်းရမှာပဲ” (ဒေါ်သင်းရွှေစင်လှိုင် – ခိုလှုံရာရိပ်သာ၊ ပရဟိတကွန်ယက်တည်ထောင်သူ) “သက်ကြီးရွယ်အိုတွေရဲ့ အခြေအနေကဘာလဲ၊ …Read more »

DVB TV – “ရှေးဟောင်းအမွေအနှစ်တွေ ဘယ်လိုထိန်းသိမ်းမလဲ”

DVB TV – “ရှေးဟောင်းအမွေအနှစ်တွေ ဘယ်လိုထိန်းသိမ်းမလဲ” “ငလျင်ဒဏ်တွေကတော့ အကြိမ် ၂၀ ကျော်လောက် ဒီပုဂံဘုရားတွေက ခံထားရပြီးပြီဆိုတာမျိုးကို သမိုင်းကြောင်းအရ သိနိုင်ပါတယ်… သို့သော်လည်းပဲ နံရံပန်းချီတွေ ပျက်စီးတာ၊ ဒီအောက်တွေမှာ လူတွေ ကျွဲနွားတွေ ဝင်ပြီးတော့ နေခဲ့တာ၊ နောက်ပြီးတော့ ခေတ်အဆက်ဆက်မှာ ပြန်လည်တည်ဆောက်ခဲ့တဲ့ နေရာမှာ နည်းပညာစနစ် အမှားအယွင်းတွေ ရှိခဲ့တာ၊ အဆုံးအဖြတ်မှားတွေ ရှိခဲ့တာကြောင့်လည်း ပုဂံဘုရားတွေက ပိုပြီးတော့ ပျက်ရတယ်လို့ ကျွန်မအနေနဲ့ ယူဆပါတယ်…” (ဒေါ်ဥမ္မာမျိုး – ယဉ်ကျေးမှုဆိုင်ရာ အစီအစဉ် အရာရှိ – ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့) “နှစ်အပိုင်းအခြားနဲ့ပြောရင် ပိုမှန်မယ်… ၁၉၆၀ မတိုင်ခင်ကတော့ သဘာဝဘေးဒဏ်ကြောင့် အပျက်အစီးများတယ်… ၁၉၆၀ ရဲ့ ဒီဘက်ပိုင်းမှာ ဆိုရင်တော့ လူတွေရဲ့ …Read more »

DVB TV – စားသုံးသူအခွင့်အရေးဘာတွေရရှိနေလဲ

DVB TV – စားသုံးသူအခွင့်အရေးဘာတွေရရှိနေလဲ “စားသုံးသူအခွင့်အရေးကို ဘာကြောင့်မရသေးလဲဆိုရင် ကျွန်တော်တို့တိုင်းပြည်က နှစ်ပေါင်းများစွာ အမှောင်ကာလမှာ ရှိခဲ့တယ်… နောက်ပြီးတော့ Consumer Rights ကို အခုမှ ကြားလာတာ… ဦးစီးဌာနဖွင့်တာလဲ သိပ်မကြာသေးဘူး… အဲ့တော့ ကျွန်တော်တို့ဆီမှာက စားသုံးသူဆိုင်ရာပညာရေးက ပြည်သူလူထုမှာ ကောင်းကောင်းမရှိခဲ့ဘူး… အဲ့လို မရှိခဲ့သလိုပဲ အုပ်ချုပ်မင်းလုပ်တဲ့ အစိုးရတွေမှာလည်း မရှိဘူး… မရှိတဲ့အခါကျတော့ ကျွန်တော်တို့က တော်တော်ကျန်ခဲ့တယ်… အခုမှ ဒါကို ပြန်လုပ်နေတာလေ…” (ဦးမောင်မောင် – အတွင်းရေးမှူး၊ မြန်မာနိုင်ငံစားသုံးသူများသမဂ္ဂ) “စားသုံးသူအခွင့်အရေး ချိုးဖောက်ခံရမှုထဲမှာ ကလေးတွေချိုးဖောက်ခံရတာ အဆိုးဆုံး ဖြစ်နေပါတယ်… ကလေးတွေက စားသုံးသူဆိုတာလဲ သူတို့မသိဘူး… စားသုံးသူအခွင့်အရေးဆိုတာလဲ လုံးဝမသိဘူး… မသိတော့ မိဘပေးလိုက်တဲ့ မုန့်ဖိုးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီးတော့ သူ့ရှေ့မှာရှိတဲ့ စားကောင်းတဲ့ စားချင်တဲ့ဟာကို …Read more »

“အများပြည်သူ သယ်ယူပို့ဆောင်ရေးတွေ ယခုထက်ပိုလျင်မြန်လာအောင် ဘယ်လိုဖြေရှင်းမလဲ?” DVB TV

DVB TV – “အများပြည်သူ သယ်ယူပို့ဆောင်ရေးတွေ ယခုထက်ပိုလျင်မြန်လာအောင် ဘယ်လိုဖြေရှင်းမလဲ?” သိပ်ပြီးတော့ ကျွန်တော်တို့ နှမြောဖို့ကောင်းတာ… ရန်ကုန်မြို့မှာ တန်ဖိုးမဖြတ်နိုင်တဲ့ မြို့ပတ်ရထားလမ်းကြီး ရှိတယ်… နိုင်ငံတကာကို ကြည့်ရင် ရထားသယ်ယူပို့ဆောင်ရေးဟာ အင်မတန် အောင်မြင်နေတယ်… ကျွန်တော်တို့ ဒီဟာက မြေကြီးပေါ်မှာ ချထားပြီးတော့ လမ်းဆုံပေါင်းများစွာကိုဖြတ်… ပြီးရင်အချိန်မမှန် ပြီးရင် ဘက်စ်ကားနဲ့ ကားနဲ့ကို ချိတ်ဆက်မှု မရှိဘူး… (ဦးသန်းဝင်း – တွဲဖတ်အတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့) Traffic Management System ပေါ့… အဓိကကတော့ ယာဉ်ကြောနဲ့ ပတ်သက်ပြီး နည်းပညာတွေ ဒီ့ထက်သုံးနိုင်မယ့် စနစ်ပေါ့… ဒါတွေမရှိလို့ ယာဉ်ထိန်းရဲ သုံးရတာ… လုပ်သင့်လုပ်ထိုက်တဲ့ အချိန်မှာ လုပ်သင့်လုပ်ထိုက်တဲ့ဟာတွေ မလုပ်ခဲ့လို့ ဖြစ်တာ… …Read more »

“ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်တွေနဲ့ အကျိုးဆက်များ” – DVB TV

DVB TV – “ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်တွေနဲ့ အကျိုးဆက်များ” ရာသီဥတု ပြောင်းလဲတာတော့သိတယ်… ဒါက ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်တယ်… ဖြေရှင်းဖို့က ဒေသဆိုင်ရာအလိုက် ဖြေရှင်းရမှာဆိုတာကို လူထုက မသိသေးပါဘူး… နောက်တစ်ခု သူတို့မသိတာ ဘာလဲဆိုတော့… အခြေခံအားဖြင့် ကျွန်တော်တို့ ပညာပေါ့နော်… ကျွန်နော်တို့နိုင်ငံ ပညာရေးမှာ သဘာဝပတ်ဝန်းကျင်အကြောင်း သင်တာ မရှိဘူး… သူများနိုင်ငံတွေမှာ ကလေးတန်းကနေစပြီး တက္ကသိုလ် PHD ထိအောင် ရှိပါတယ်… အထူးသဖြင့် ပြည်နယ်၊ တိုင်းတွေမှာ တောရွာလေးတွေမှာ နေတဲ့သူတွေက ဒါမသိဘူး… (ပါမောက္ခ ဒေါက်တာညိုမောင် – ရုက္ခဗေဒပညာရှင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ – နာယက) ကျွန်မကတော့ နည်းပညာပိုင်းဆိုင်ရာ၊ ငွေရေးကြေးရေးထောက်ပံ့မှုနဲ့တော့ ဖြေရှင်းနိုင်မယ် မထင်ပါဘူး… နိုင်ငံရေးထောက်ပံမှုဆိုတာလည်း လိုပါတယ်… ပါတီတွေရဲ့အာရုံစိုက်မှု …Read more »

” ရေကြီးမှု၊ ရေဘေးဖြစ်စဉ်တွေကို ဘယ်လိုကိုင်တွယ်မလဲ ” DVB TV

DVB TV – “ရေကြီးမှု၊ ရေဘေးဖြစ်စဉ်တွေကို ဘယ်လိုကိုင်တွယ်မလဲ” Environment က ချက်ချင်း ကုလို့မရဘူး… Environment က တဖြည်းဖြည်း ပျက်လာတာ.. ပြန်ကုရင်လည်း အချိန်အများကြီး ယူရတယ်… အခု တောပျက်တယ်… အဓိကကတော့ မိုးရွာရင် ရေမထိန်းနိုင်ဘူးပေါ့… ရေမထိန်းနိုင်ရင် ရေကြီးတာပဲလေ… (ဦးစောထွန်းခိုင် – အလုပ်အမှုဆောင်ဒါရိုက်တာ၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့) ကျနော်တို့ ကျေးလက်နေ ပြည်သူတွေက ဘယ်လိုဖြစ်နေလဲဆိုတော့… အခုထက်ထိ ကံကိုပဲ ယုံနေကြတယ်… လယ်တွေစိုက်လိုက်တယ်… နောင်နှစ်ကျရင် ရေမလာလို့ ကံကောင်းရင်တော့ တို့တွေရမှာပဲဆိုပြီး လုပ်တယ်… ကျနော်က ပြည်သူတွေကို ပြောတယ်… ဒါက ကံကိုယုံလို့ မရတော့ဘူး.. နှစ်စဉ်ဖြစ်လာပြီ ဖြစ်တဲ့အတွက် လာမယ့်နှစ်တွေမှာ မိုး/ဇလ သတင်းကို နားထောင်မယ်… …Read more »

DVB TV – အစိုးရသစ်နှင့် ရက် ၁၀၀အတွင်း စိန်ခေါ်ချက်များ

DVB TV – အစိုးရသစ်နှင့် ရက် ၁၀၀အတွင်း စိန်ခေါ်ချက်များ “လျှပ်စစ်ကိစ္စနဲ့ ကျွန်တော် ပြောချင်တာက အရင်အစိုးရက သူ့ဟာနဲ့သူ ရေရှည်စီမံကိန်းကြီးတွေ ချသွားတာရှိတယ်… အဲ့တော့ အရေးကြီးတာက လာမယ့် ငါးနှစ်အတွင်းမှာ လျှပ်စစ်ဝန်ကြီးဌာနအနေနဲ့ဆိုရင် အရင်အစိုးရ လုပ်သွားတာတွေက အမှန်ကြီးပဲလား… ရေအားလျှပ်စစ်ကို ဘယ်လောက်သုံးမယ်… သဘာဝဓာတ်ငွေကို ဘယ်လောက်သုံးမယ်… ကျောက်မီးသွေးကိုရော မသုံးဘူးလား သုံးမလား… အဲ့ဒါမျိုး plan တွေ တိတိကျကျ ချပြပြီးတော့မှ ရေတိုအနေနဲ့ ရက်တစ်ရာအတွင်းမှာ ဘာလုပ်ပြီးတော့ ဘာလုပ်မယ် ဆိုပြီး မူဝါဒအတိုင်း အကောင်အထည်ဖော်တာမျိုးတွေ မရှိခဲ့ဘူး…” (ဦးစည်သူအောင်မြင့် – သတင်းစာဆရာ) “ဝန်ကြီးဌာနတွေက ကိုယ့်ဟာကိုယ် တာဝန်ခံမှု ရှိရမယ်… အဲ့တော့ ဝန်ကြီးဌာနတွေအနေနဲ့ ပေါင်းစည်းလိုက်တဲ့အခါမှာ တာဝန်တွေ အရမ်းများသွားတယ်… ဝန်ကြီးလည်း …Read more »

” မြန်မာနိုင်ငံမှာ ငါးနှစ်အောက် ကလေးငယ်တွေ သေဆုံးမှုကို ဘယ်လိုလျှော့ချ ကြမလဲ”

DVB TV – ” မြန်မာနိုင်ငံမှာ ငါးနှစ်အောက် ကလေးငယ်တွေ သေဆုံးမှုကို ဘယ်လိုလျှော့ချ ကြမလဲ” “လူထုရဲ့ ခံယူချက်ကလည်း အရမ်းအရေးကြီးပါတယ်…. လိုချင်တဲ့ စိတ်ရှိမှပဲ ဒီကိစ္စက ဖြေရှင်းနိုင်မှာ…. အခု ဒီဟာကြီးကတော့ ဒီငါးနှစ်အောက်ကလေး သေဆုံးတာတော့ ကျန်းမာရေးဝန်ကြီးဌာနမှာပဲ တာဝန်ရှိတယ်လို့ ကျွန်မတို့ ဒီလို ပြောလို့တော့ မရဘူးပေါ့… အကုန်လုံးပေါ့နော်…. ဒီဘက်က ကျန်းမာရေးဝန်ထမ်းတွေရော၊ policy maker တွေရော အားလုံးက ဟန်ချက်ညီညီနဲ့ အတူတူ လက်တွဲလုပ်မှ ဒီကိစ္စက အောင်မြင်နိုင်မှာ ဖြစ်ပါတယ်….” “လူတွေကို အသိပညာပေးဖို့ ကိစ္စမှာ အခက်အခဲက ဘာလဲဆိုတော့…. အခုဆိုရင် ကျွန်တော့တို့က ပညာပေးချင်တယ် ဆိုတာတောင်မှ ပညာပေးခွင့်ဆိုတဲ့ ကိစ္စပေါ့…. ဥပမာ – အခုလက်ရှိဆိုရင် တီဗွီတွေ၊ …Read more »

DVB TV – “စစ်မှန်တဲ့ ငြိမ်းချမ်းရေးညှိနှိုင်းမှုဆီကို ဘယ်လိုရောက်နိုင် မလဲ’’

DVB TV – “စစ်မှန်တဲ့ ငြိမ်းချမ်းရေးညှိနှိုင်းမှုဆီကို ဘယ်လိုရောက်နိုင် မလဲ’’ “ကျနော်တို့ NCA ကို လက်မှတ်ထိုးလိုက်တဲ့အချိန်မှာ ပြောရရင် ကရင်တိုင်းရင်းသားဒေသမှာ သေနက်သံ မကြားရတော့တာ ၃ နှစ်ကျော်ခဲ့ပြီလေ…ဆိုတော့ ကျနော်တို့ပြည်သူတွေဟာ နိုးလာအေးအေးချမ်းချမ်းနဲ့ ဒီ အကျိုးဆက်ကို ခံစားနေရပြီလေ…ကျန်တဲ့အပိုင်းတွေကတော့ စားပွဲဝိုင်းမှာ ဆက်ရမှာပေါ့” “ခုန ဗိုလ်မှူးစောလွင်ပြောတဲ့ NCA လက်မှတ်ထိုးတာနဲ့ မထိုးတာကိုပြောချင်တယ်…ကျနော်တို့ ထာဝရ ငြိမ်းချမ်းရေရဖို့အတွက်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေက အဟန့်အတားဖြစ်နေတယ်… တိုင်းရင်းသားတွေဘက်ကကြည့်ရင်ပေါ့…အမှန်တကယ်က တပ်မတော်နဲ့ ကနေ့လွှတ်တော်ကိုလွှမ်းမိုးထားတဲ့ NLD ကသဘောတူရင် ပြင်ပေးလို့ရတယ်” “အရင်အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေး ညီလာခံတစ်ခေါက် လုပ်သွားပါသေးတယ်…အဲဒီတုန်းကတော့ကိုယ့်ရဲ့ မူသဘောထားတွေကို စာတမ်းတောင်တင်ခွင့်မရှိပါဘူး…ဒီတစ်ခါတော့ ဖြေလျှော့မှုနဲနဲလုပ်လာပါတယ်…တပ်ဘက်ကလည်းသဘောတူပါတယ်”