DVB Debate

မြေယာပြဿနာများ၊ ပြုပြင်ပြောင်းလဲရေး၊ အကျင့်ပျက်ခြစားမှု၊ လူမျိုရေးပဋိပက္ခ၊ ငြိမ်းချမ်းရေး တည်ဆောက်မှု၊ အမျိုးသမီးများ ခွဲခြားဆက်ဆံခံရမှု၊ မြို့ပြအိမ်ရာစီမံကိန်း၊ စားသုံးသူ အခွင့်အရေး၊ ကျန်းမာရေးဝန်ဆောင်မှု၊ ပညာရေးဥပဒေ စရှိသဖြင့် ယနေ့ခေတ်မြန်မာပြည်သူတွေ ရင်ဆိုင်နေရသော အငြင်းပွားဖွယ် ပြဿနာများနှင့် ပတ်သက်ပြီး လူတန်းစားအမျိုးမျိုး၊ အလွှာပေါင်းအစုံစုံ၊ ဘက်အသီးသီးမှ မတူကွဲပြား ခြားနားဆန့်ကျင်သော အပြန်အလှန်ဆွေးနွေးမှုများ၊ အခြေအတင် ငြင်းခုံမှုများကို တင်ပြထားသည့် အပတ်စဉ် အစီအစဉ်ဖြစ်သည်။

Latest
Most Viewed
Most Commented
DVB TV – “ထိပါးစော်ကားနှောင့်ယှက်မှုတွေကို ဘယ်လိုဟန့်တားမလဲ”

DVB TV – “ထိပါးစော်ကားနှောင့်ယှက်မှုတွေကို ဘယ်လိုဟန့်တားမလဲ” “ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ ဒါတွေက ထင်သာမြင်သာရှိတဲ့ အကြမ်းဖက်မှုတွေပါ” (နော်သ၀ါး – ညွှန်ကြားရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန) “လင်မယားတွေ ရန်ဖြစ်နေကြပြီဆို ဘယ်လောက်ပဲ ရိုက်နှက်နေလည်း ပတ်ဝန်းကျင်ကလူတွေက တအားကြီး မဆိုးလာသေးသမျှ ၀င်ပါဖို့တအားဝန်လေးတယ်လေ။ ဒါမျိုးတွေ ကိုင်တွယ်ရတာလည်း အင်မတန်ခက်ခဲပါတယ်” (ဒေါ်စုစုငယ် – ပဲ့ကိုင်ကော်မတီဝင်၊ ကျားမတန်းတူညီမျှရေးကွန်ရက်) “တကမ္ဘာလုံးမှာ အမျိုးသမီး ၃ ယောက်မှာ ၁ ယောက် လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားနှောင့်ယှက်မှုခံနေရတယ်။ ခံရတဲ့သူတွေထဲမှာ ဘယ်နယောက်ကများ ရဲစခန်းသွားနေလဲ? နှစ်သိမ့်ဆွေးနွေးအကြံပေးတာမျိုး လုပ်နိုင်နေလဲ? အဲလိုလုပ်တဲ့အခါမှာ သူတို့အတွက် လျှို့ဝှက်သိုသိပ်မှု ဘယ်လောက်ပေးနိုင်လဲ ဆိုတာတွေရှိတယ်” (ဆိုင်းအောင်စိန်မြင့် – ကုလသမဂ္ဂလူဦးရေဆိုင်ရာရန်ပုံငွေအဖွဲ့) “ဆံပင်၊ …Read more »

“ရွှေ့ပြောင်းအလုပ်သမားတွေ ပြန်လာဖို့ အဆင်သင့် ဖြစ်ပြီလား”

“ရွှေ့ပြောင်းအလုပ်သမားတွေ ပြန်လာဖို့ အဆင်သင့် ဖြစ်ပြီလား” “အရင်တုန်းက နိုင်ငံခြားကို ထွက်သွားကြတယ်ပေါ့… အများစုကတော့ နယ်စပ်နဲ့ နီးတဲ့ ပြည်နယ်တွေ၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် များပါတယ်… အခုကတော့ တဖြည်းဖြည်းနဲ့ မြန်မာပြည်အလယ်ပိုင်းကပါ ဖြစ်လာတယ်… ဆိုလိုတာကတော့ တဖက်နိုင်ငံက ဆွဲဆောင်နိုင်တဲ့ အင်အားရှိသလို တဖက်ကလည်း တွန်းထုတ်တဲ့အားလည်း ရှိတာပေါ့… အထူးသဖြင့်တော့ ကျွန်တော်တို့ဆီမှာ စီးပွားရေး မကောင်းဘူး၊ ပဋိပက္ခတွေ ရှိတယ်၊ ရာသီဥတုကပ်ဘေးတွေ ရှိတယ်… တဖက်က တွန်းထုတ်နေတဲ့ ကိစ္စတွေကို လျော့ချဖို့ လိုပါတယ်… နောက်တစ်ပိုင်းက တဖက်က ဆွဲဆောင်နိုင်တဲ့ အားကိုကတော့ ကျွန်တော်တို့ ပြင်လို့ မရပါဘူး… ကျွန်တော်တို့ဆီမှာ နေချင်စဖွယ် အနေအထားမျိုး ရှိရင်တော့ လုပ်သားတွေ ပြန်လာကြမယ် ထင်ပါတယ်” (ဦးအောင်သူငြိမ်း – နိုင်ငံရေးလေ့လာသုံးသပ်သူ) …Read more »

DVB TV – “ဘာသာရေးနဲ့ နိုင်ငံရေး ရောထွေးသင့်၊ မသင့်”

DVB TV – “ဘာသာရေးနဲ့ နိုင်ငံရေး ရောထွေးသင့်၊ မသင့်” “အခြေခံဥပဒေစာအုပ်ထဲမှာ ဘာသာရေးနဲ့ ပတ်သတ်တဲ့ ပြဌာန်းချက်ပါပြီ ဆိုကတည်းက နိုင်ငံရေးနဲ့ ဘာသာရေးက တစုံတရာ ရောယှက်မှုတော့ ရှိတယ်… နိုင်ငံရေးမှာ ဘာသာရေး မပါရဘူး၊ ပါရတယ်ပေါ့… ပါရတယ်ဆိုရင်လည်း အစွန်းတဖက်ရောက်သလို၊ မပါရဘူးဆိုရင်လည်း အစွန်းတဖက်ရောက်တယ်လို့ ကျွန်တော်မြင်တယ်… ကျွန်တော်တို့ သတင်းထောက်မှာတော့ သတင်းထောက်ထုံး (ဘ) ခြောက်လုံး ရှိတာပေါ့ဗျာ… ဘယ်လိုခေတ်ကာလမျိုး၊ ဘယ်လိုအချိန်အခါမျိုးမှာ၊ ဘယ်လိုလူတွေရဲ့ အကျိုးစီးပွားအတွက်၊ ဘယ်လို ပုံစံနဲ့ ပါဝင်တာလဲ၊ ဘာဖြစ်လို့ ပါဝင်တာလည်း စသည်အားဖြင့်ပေါ့… ဥပမာအားဖြင့် အုပ်ချုပ်သူလူတန်းစားရဲ့ အကျိုးစီးပွားအတွက် ဘာသာရေးက ပါဝင်စွတ်ဖက်လာတယ်ဆိုရင် အုပ်ချုပ်ခံလူတန်းစား ပြည်သူတွေကို ဖိနှိပ်နေတယ်ဆိုရင်၊ ဝင်ရောက်စွတ်ဖက်နေတယ်ဆိုရင်တော့ ဒီစွတ်ဖက်မှုကို ပြည်သူတွေကလည်း လက်မခံပါဘူး… ပြည်သူလူထုရဲ့ …Read more »

DVB TV – “ရွေးကောက်ပွဲ ၁နှစ်ပြည့် – တကယ်ပဲ ပြောင်းလဲပြီလား”

DVB TV – “ရွေးကောက်ပွဲ ၁နှစ်ပြည့် – တကယ်ပဲ ပြောင်းလဲပြီလား” “ဒေါက်တာသက်သက်ခိုင် ဖြေသွားတဲ့ဟာကို တခုလေး ချေပချင်တယ်… အခုကတော့ ပြည်သူ့အစိုးရ၊ ပြည်သူ့အစိုးရ ပြောတာပေါ့… ဒါပေမယ့် ၂၀၁၀ မှာ ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီးတော့ ရွေးကောက်ပွဲလုပ်တာ ၂၀၀၈ အခြေခံဥပဒေအရ အလုပ်ခဲ့တယ်… အဲ့ဒီ့မှာ မဲပေးခဲ့တဲ့ လူတွေလဲ ၂၀၁၅ ခုနှစ်မှာ မဲပေးခဲ့တဲ့ ဒီပြည်သူတွေပါပဲ… ဒီပြည်သူတွေသည် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ မဲပေးပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်ခဲ့တယ်… အစိုးရဖြစ်လာတယ်… ဒါသည် ပြည်သူ့အစိုးရပဲ… ဒါကြောင့် အခု ၂၀၁၆ မှသာ ပြည်သူ့အစိုးရ ဖြစ်ပါတယ်ဆိုတဲ့ အသုံးအနှုန်းကို ကျွန်တော်တို့ကတော့ လက်မခံဘူး…” (ဒေါက်တာ ပွင့်ဆန်း – ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ …Read more »

DVB TV – “ကိုယ့်ဘ၀ ကိုယ်ရွေးချယ်မှု”

DVB TV – “ကိုယ့်ဘ၀ ကိုယ်ရွေးချယ်မှု” “LGBT တွေကို လက်ခံပြီးလားဆိုတော့ လက်ခံကြပါတယ်… ဟိုတုန်းကလည်း ခေတ်အဆက်ဆက် လက်ခံကြပါတယ်… ဒါပေမယ့် ဘောင်တစ်ခုနဲ့ပဲ ကျွန်မတို့ကို လက်ခံခဲ့ကြတယ်… ဘယ်အရာတွေမှာ သိသာလဲဆိုလို့ရှိရင် ကျွန်မတို့ရဲ့ အသက်မွေးဝမ်းကျောင်းပညာဆိုလို့ရှိရင် မိတ်ကပ်၊ ဖက်ရှင်နဲ့ နတ်လောကတွေမှာပဲ လက်ခံထားတာမျိုးရှိတယ်… ဒါပေမယ့် ဒီကနေတဆင့်ကျော်ပြီး ကျွန်မတို့တွေကို နိုင်ငံအကျိုးပြုလုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ အုပ်ချုပ်မှု လုပ်ငန်းစဉ်တွေမှာ ဆိုလို့ရှိရင် ကျွန်မတို့ကို လက်ခံဖို့ မပြောနဲ့ မြင်တာနဲ့ကို လှောင်ပြောင်ချင်တဲ့အကြည့်တွေ၊ ခါးခါးသီးသီး အမူအယာတွေနဲ့ ဆက်ဆံကြတယ်… အလုပ်လျှောက်ရင်တောင်မှ No ဆိုတဲ့ အမူအယာမျိုးတွေ စီဗွီဖောင်မှာတင် ပယ်ချတာမျိုးတွေလဲ ရှိတယ်ဆိုတော့ လက်ခံတယ်… သို့သော် ဘောင်တစ်ခုနဲ့ပဲ လက်ခံထားတဲ့ အဝန်းအဝိုင်း ဖြစ်နေတယ်လို့ ကျွန်မတစ်ယောက်ရဲ့ အမြင်ကို …Read more »

DVB TV – “စစ်ပြေးရှောင်ပြည်သူတွေ အိမ်ပြန်ခရီးနီးပြီလား?”

DVB TV – “စစ်ပြေးရှောင်ပြည်သူတွေ အိမ်ပြန်ခရီးနီးပြီလား?” “လက်ရှိ အနေအထားအရဆိုရင်တော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ဘေးရှောင် ဒုက္ခသည် စုစုပေါင်း တစ်သိန်းနဲ့ နှစ်သောင်းရှိတယ်… တောက်လျှောက် ၅ နှစ်လုံးမှာ ကြည့်မယ်ဆိုရင်လည်း အကြိမ်ကြိမ်ပေါ့ အိမ်ပြန်ရနိုးနိုးနဲ့ စောင့်မျှော်ခဲ့တာလည်း တော်တော်ကြာခဲ့ပြီ… ၂၀၁၃ မှာလည်း ဒီစစ်ဘေးရှောင်အရေးကို နှစ်ဘက်ကဆွေးနွေးလာတာလည်းရှိတော့ မျှော်လင့်ချက်တွေထားခဲ့တယ်… နောက်တစ်ခုက တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးအတွက် လုပ်လာတဲ့အခါမှာ စစ်ဘေးရှောင်တွေအနေနဲ့ အများကြီးမျှော်လင်ခဲ့တယ်… ဒါပေမယ့် မဖြစ်လာဘူး” (ဦးဂွမ်ရှာအောင် – အတွင်းရေးမှူး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့) “၂၀၁၃ အောက်တိုဘာလက ကတိကဝတ်ပြုထားတဲ့ အပေါ်မှာ စစ်ဘေးရှောင်တွေကို ဒီတိုင်းပဲ ကိုယ့်ဟာကိုယ် ပြန်တာမဟုတ်ပဲနဲ့ ဂုဏ်သိက္ခာရှိရှိနဲ့ ကိုယ့်အရပ်ကို ပြန်နိုင်ဖို့အတွက် ဆိုပြီးတော့မှ သူတို့ သဘောတူညီထားတဲ့ …Read more »

“အမုန်းစကားတွေ ဘယ်လို ရပ်တန့်မလဲ”

DVB TV – “အမုန်းစကားတွေ ဘယ်လို ရပ်တန့်မလဲ” “ဒီမိုကရေစီကို အကြောင်းပြုပြီးတော့မှ လွတ်လပ်စွာပြောမယ်ဆိုပြီး ပရမ်းပတာပြောမယ်ဆို အမုန်းစကားဖြစ်သွားနိုင်တယ်။ ဒီမိုကရေစီမှာ လွတ်လပ်စွာပြောဆိုခွင့် ရှိတယ်၊ လွတ်လပ်စွာရေးသားခွင့်ရှိတယ် သို့သော် တဖက်ကလည်းပဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၁(ဃ)မှာ ပြဌာန်းထားတယ်. လွတ်လပ်မှုတွေရှိသော်လည်းပဲ ပြောတဲ့လုပ်တဲ့သူတွေ တဦးချင်းမှာ တာဝန်တွေရှိတယ်။” ဦးလှဝင်း – ဗဟိုကော်မတီဝင်၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) “အမုန်းစကားဆိုတာထက် အန္တရာယ်ဖြစ်တဲ့ စကားရပ်တွေ၊ လုပ်ဆောင်ချက်တွေ၊ အပြုအမူတွေလို့ ပြောတာ ပိုသင့်တော်တာရှိတယ်။ အဲဒါမျိုးက ဘယ်မှာဖြစ်လို့ဆိုရင် တဦးတယောက်ရဲ့ ကိုယ်နဲ့ မတူတဲ့အချက်တွေ. တဦးတယောက်ရဲ့ အသွင်အပြင်ကနေစပြီးတော့ ကွဲပြားခြားနားမှုတွေကို ဆန့်ကျင်ပြီး ပြောဆိုတာ၊ လှုံ့ဆော်ပြောဆိုတာမျိုးပေါ့။ သူ့ရဲ့ လူသားဖြစ်ခွင့်၊ လူသားရပိုင်ခွင့်. ဂုဏ်သိက္ခာတွေ အဲဒါတွေ အားလုံးကို ဆန့်ကျင် လှုံ့ဆော်ပြောဆိုတာမျိုးတွေ” ဦးဟန်ဇော် …Read more »

“အစိုးရအနေနဲ့ ICT နည်းပညာတွေကို ဘယ်လို အကျိုးရှိအောင် အသုံးချမလဲ”

“အစိုးရအနေနဲ့ ICT နည်းပညာတွေကို ဘယ်လို အကျိုးရှိအောင် အသုံးချမလဲ” “မိုဘိုင်းဖုန်းတွေ တော်တော်များများပေါ့နော်… လူတိုင်းနီးပါး လက်ထဲမှာ ရှိတယ်… စမတ်ဖုန်းတွေပေါ့နော်… ရှိနေတယ်ဆိုတော့ education အပိုင်းမှာဆို လူငယ်တွေအနေနဲ့ အများကြီး လေ့လာလို့ရတယ်… ဒါပေမယ့် ကျွန်တော်တို့ဆီမှာက အထူးသဖြင့် ကျေးလက်ဒေသတွေဆီမှာ ဆိုလို့ရှိရင် နည်းပညာကွာဟမှုက မြို့ပြဒေသနဲ့ အရမ်းဝေးနေတဲ့ အနေအထားမျိုးတွေ ရှိတယ်… ဒီမှာက ICT ကနေ တကယ့်ကို အကျိုးရှိစေချင်တယ် ဆိုလို့ရှိရင် ကျွန်တော်တို့က ကျေးလက်ဒေသမှာရှိတဲ့ လူတွေရော၊ မြို့ပြဒေသမှာ ရှိနေတဲ့သူတွေရော နည်းပညာကွာဟမှု ဖြစ်နေတဲ့ဟာကို အများကြီးကျဉ်းအောင်လုပ်ဖို့ လိုတယ်… ဒါဟာ ကျွန်တော်တို့ဆီမှာ လက်တွေ့ကြုံကိုကြုံနေရတဲ့ ပြဿနာ… facebook သုံးကြတယ်ဆိုတဲ့နေရာမှာ တက်လာတဲ့ ကောလဟာလတွေပေါ်မှာ အများကြီးယုံနေကြတယ်ဆိုတဲ့ ပြဿနာကို ကြည့်မယ်ဆိုရင် ဒါဟာ …Read more »

DVB TV – “တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တွေ ဘယ်လောက်အလုပ်လုပ်နိုင်ပြီလဲ?”

DVB TV – “တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တွေ ဘယ်လောက်အလုပ်လုပ်နိုင်ပြီလဲ?” “လုပ်နိုင်သလောက်တော့ လုပ်ခဲ့ပါပြီ… ဒါပေမယ့် အားရကျေနပ်မှုတော့ မရှိဘူးပေါ့… ပထမ လွှတ်တော်သက်တမ်းတုန်းကတော့ အစိုးရဖွဲ့တဲ့အခါမှာလည်း တော်တော်လေးကို အတိုက်အခံဖြစ်ခဲ့ပါတယ်… ဒုတိယအကြိမ်မှာကျတော့လည်း သိန္နီမှာရှိတဲ့ ကျောက်မီးသွေးမိုင်းနဲ့ ပတ်သက်လို့ ပြန်လည်ပိတ်သိမ်းပေးနိုင်ဖို့ အဆိုတစ်ရပ်ကို ကျွန်မ တင်သွင်းခဲ့တယ်… ဒါပေမယ့် အဲ့ဒါကို ရှမ်းပြည်နယ်အစိုးရအနေနဲ့ လုပ်ပိုင်ခွင့် မရှိဘူးပေါ့… တကယ်လို့ ကျွန်မတို့ အဆိုအောင်သွားရင်လည်း သူတို့က ပိတ်သိမ်းခွင့် မရှိဘူး မေးခွန်းပြောင်းပါဆိုလို့ ကျွန်မက မေးခွန်းပြန်ပြောင်းပေးလိုက်တယ်… မေးခွန်းပြောင်းတဲ့ အခါမှာလည်း သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဝန်ကြီးပေါ့နော်… သူက ပြည်ထောင်စုကိုပဲ ပုတ်ထုတ်တယ်… တတိယအကြိမ် လွှတ်တော်မှာလည်း သံလွင်မြစ်ပေါ်မှာ ဆည်ဆောက်မယ့် ကိစ္စတွေကို ကျွန်မ မေးခွန်း ၉ ခုလောက်မေးခဲ့ပါတယ်… အဲ့ဒါလည်း …Read more »