Common Ground

Latest
Most Viewed
Most Commented
Myanmar ComBiz ကုမ္ပဏီတည်ထောင်သူ ဥက္ကဌ ဦးအောင်စိုးသာနဲ့ မိတ်ဖက်စကား

Myanmar ComBiz ကုမ္ပဏီဟာ မြန်မာ့ဆန်တွေကို ကမ္ဘာ့ဈေးကွက်မှာ တင်ပို့ရောင်းချနေတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်။ မြန်မာ့ဆန်တွေဟာ ကမ္ဘာ့ဈေးကွက်မှာ တကယ်ရော ယှဉ်ပြိုင်နိုင်ပြီလား၊ ဒါတွေကို သိနိုင်ဖို့ အခုတစ်ပတ် Common Ground မိတ်ဖက်စကား အစီအစဉ်မှာ Myanmar ComBiz ကုမ္ပဏီကို တည်ထောင်သူ ဥက္ကဌ ဦးအောင်စိုးသာနဲ့ မိတ်ဖက်စကား ပြောကြားသွားမှာ ဖြစ်ပါတယ်။ DVB TV – 26.08.2017

Sandanila Company ဒေါ်သီရိသန့်မွန် နှင့် ဖွံ့ဖြိုးစီးပွား မိတ်ဆက်စကား

Sandanila Company ရဲ့ Co-founder နှင့် Managing Director ဖြစ်သူ ဒေါ်သီရိသန့်မွန် နဲ့ မိတ်ဖတ်စကားပြောကြားမှုဖြစ်ပါတယ်။ Sandanila Company ဆိုတာကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို မြန်မာနိုင်ငံက ဖိတ်ခေါ်နေချိန်မှာ နိုင်ငံခြားကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံရာမှာ လွယ်ကူချောမွေ့စေရန် ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတခုပဲ ဖြစ်ပါတယ်။ DVB TV – 08.04.2017

DVB TV – အောင်သမာဓိရွှေလုပ်ငန်းစုရဲ့ တည်ထောင်သူ ဦးအောင်ဆန်းဝင်းနဲ့ မိတ်ဖက်စကား

DVB TV – အောင်သမာဓိလို့ပြောလိုက်ရင် ရွှေသန့်စင်လုပ်ငန်း၊ ရွှေပန်းထိမ် နှင့် ရွှေလုပ်ငန်းတွေမှာ မသိသူမရှိ သလောက်ထင်ရှားပါတယ်။ ယခုအပတ် စနေနေ့မှာတော့ အောင်သမာဓိရွှေလုပ်ငန်းစုရဲ့ တည်ထောင်သူ ဦးအောင်ဆန်းဝင်းနဲ့ မိတ်ဖက်စကား ပြောကြားမဲ့ အစီအစဉ်ဖြစ်ပါတယ်။

DVB TV – Red Horse Diary Industries Limited ရဲ့ Managing Director ဖြစ်သူ ဦးထွန်းထွန်းရဲ့ ဘဝဖြတ်သန်းပုံများ

DVB TV – Pep နို့မှုန့်အထုတ်သေးလေးတွေကို ထုတ်လုပ်သူအဖြစ်လူသိများတဲ့ Red Horse Diary Industries Limited ရဲ့ Managing Director ဖြစ်သူ ဦးထွန်းထွန်းရဲ့ ဘဝဖြတ်သန်းပုံများနှင့် ဘယ်လို အကြံပြုချက်များကို မိတ်ဖတ်စကားပြောကြားမလဲ ဆိုတာကိုကြည်ရှုရမှာပါ။

ဝိန့်စိန်အဆင့်မြင့် စိန်ရတနာရွှေဆိုင် ဦးခင်မောင်အေးနှင့် မိတ်ဖက်စကား

အခုတပတ်မှာတော့ ၁၉၅၈ ခုနစ်ကတည်းက စတင်တည်ထောင်ထားတဲ့ မန္တလေးမြို့က ဝိန့်စိန်အဆင့်မြင့် စိန်ရတနာရွှေဆိုင်က မန်နေဂျင်းဒါရိုက်တာ ဦးခင်မောင်အေးနဲ့ မိတ်ဖက်စကား ပြောကြားမယ့် Common Ground အစီအစဉ် ဖြစ်ပါတယ်။ DVB TV – 25.03.2017

DVB TV – Swan Arr Electronic and Industries Company မှ ဦးစွမ်းထက်အောင်နဲ့ မိတ်ဖက်စကား

DVB TV – လူဦးရေရဲ့ ၃၄%ကသာ လျှပ်စစ်ဓာတ်အားရရှိသေးတဲ့ မြန်မာနိုင်ငံမှာ မီးအားမြှင့်စက်၊ မီးအားပြောင်းစက်၊ အရေးပေါ်မီးလုံး ထုတ်လုပ်တဲ့ကုမ္ပဏီတွေရဲ့အခန်းကဏ္ဍကလည်း အလွန်အရေးပါလှပါတယ်။ ယခုလို လျှပ်စစ်စွမ်းအင်ကဏ္ဍမှာ ကြုံတွေ့နေရတဲ့ အားနည်းချက်တွေကို ဖြည့်ဆီးပေးနေတဲ့ ကုမ္ပဏီများထဲက တစ်ခုကတော့ စွမ်းအား အီလစ်ထရောနစ် ပဲဖြစ်ပါတယ်။ ယခုအပတ် Swan Arr Electronic and Industries Company မှ ဦးစွမ်းထက်အောင်နဲ့ မိတ်ဖက်စကားပြောကြားမှုပဲ ဖြစ်ပါတယ်။

အောင်နိုင်သစ္စာ ကုမ္ပဏီ ဥက္ကဌ ဦးအောင်ဇော်ဦးနဲ့ မိတ်ဖက်စကား

ဆန်စပါးကို လယ်တောထဲကနေ နိုင်ငံခြား တင်ပို့နိုင်တဲ့အထိ အဆင့်ဆင့်လုပ်ဆောင်နေတဲ့ ကုမ္ပဏီဟာ အောင်နိုင်သစ္စာကုမ္ပဏီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံပြည်တွင်း အသားတင် ထုတ်လုပ်မှု ရဲ့ ၆၀ % ဟာ လယ်ယာကဏ္ဍက လာတာဖြစ်ပါတယ်။ ဒါကြောင့် အောင်နိုင်သစ္စာ ကုမ္ပဏီရဲ့ အရေးပါမှုမှာလည်း မြင့်မားနေဦးမှာ ဖြစ်ပါတယ်။ အခုတပတ် Common Ground (မိတ်ဖက်စကား) အစီအစဉ်မှာတော့ အောင်နိုင်သစ္စာကုမ္ပဏီ ရဲ့ ဥက္ကဌ ဦးအောင်ဇော်ဦးနဲ့ မိတ်ဖက်စကားပြောကြားမှာ ဖြစ်ပါတယ်။ DVB TV – 20.05.2017

DVB TV – A1 ကုမ္ပဏီအုပ်စုရဲ့ မန်နေးဂျင်းဒါရိုက်တာ ဖြစ်သူ ဒေါ်ရည်ဝိုင်းဦး နဲ့ မိတ်ဖက်စကား

DVB TV – တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာခြင်း၊ လူနေမှု အဆင့်အတန်း မြင့်လာခြင်းနှင့်အတူ တွဲပါလာတာကတော့ ဆောက်လုပ်ရေးကဏ္ဍမြင့်တက်လာခြင်း ဖြစ်ပါတယ်။ A1 ကုမ္ပဏီဟာ ၁၉၉၀ ပြည့်နှစ်တွေကတည်းက မြန်မာနိုင်ငံမှာ အထင်ကရအဆောက်အအုံတွေကို နိုင်ငံအနှံ့ ဆောက်လုပ်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ယခုအပတ် Common Ground(မိတ်ဖက်စကား) အစီအစဉ်မှာတာ့ A1 ကုမ္ပဏီအုပ်စုရဲ့ မန်နေးဂျင်းဒါရိုက်တာ ဖြစ်သူ ဒေါ်ရည်ဝိုင်းဦး နဲ့ မိတ်ဖက်စကားပြောမှာ ဖြစ်ပါတယ်။

DVB TV – စိန်စပ္ပယ်ဖူးစိန်တိုက်ရဲ့ မန်နေးဂျင်းဒါရိုက်တာ ဖြစ်သူ ဦးအောင်လွင်အေး နဲ့ မိတ်ဖက်စကား

DVB TV – လူအများတန်ဖိုးထားတဲ့ စိန်ရတနာကို မန္တလေးက စိန်စပ္ပယ်ဖူး စိန်တိုက်က အာမခံနဲ့ ရောင်းချပေးနေပါတယ်။ ယခုအပတ် Common Ground (မိတ်ဖက်စကား) အစီအစဉ်မှာတော့ စိန်စပ္ပယ်ဖူးစိန်တိုက်ရဲ့ မန်နေးဂျင်းဒါရိုက်တာ ဖြစ်သူ ဦးအောင်လွင်အေး နဲ့ မိတ်ဖက်စကား ပြောကြားမှာဖြစ်ပါတယ်။