Common Ground

Latest
Most Viewed
Most Commented
DVB TV – Netsmart Company ရဲ့ တည်ထောင်သူ ဒေါ်အေမီညွန့် နဲ့ မိတ်ဖက်စကား

DVB TV – IT အင်တာနက်တွေ ခေတ်မစားခင်ကာလ ကတည်းက စတင်တည်ထောင်ခဲ့တဲ့ Netsmart Company ရဲ့ တည်ထောင်သူလည်းဖြစ် Managing Director လည်းဖြစ်တဲ့ ဒေါ်အေမီညွန့် နဲ့ မိတ်ဖက်စကားပြောမှာ ဖြစ်ပါတယ်။

Hotel Hazel မန်နေးဂျင်းဒါရိုက်တာ ဒေါ်သန်းသန်းဆွေနှင့် ဖွံ့ဖြိုးစီးပွား မိတ်ဖက်စကား

မြန်မာနိုင်ငံစီးပွားရေးရဲ့ ၈၀%ကျော်ဟာ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းတွေဖြစ်ပါတယ်။ အဲ့ဒီထဲမှာမှ ဟိုတယ်လုပ်ငန်းဟာလဲ အရေးပါလှပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံခြားဟိုတယ်ကြီးများနှင့် ပူးပေါင်းဖွင့်လှစ်ထားတဲ့ ဟိုတယ်တွေရှိသလို မြန်မာနိုင်ငံသားပိုင်းဟိုတယ်တွေရဲ့ အခန်းကဏ္ဍဟာလည်း အရေးပါလှပါတယ်။ အခုအပတ်မှာတော့ မန္တလေးမြို့က မြန်မာနိုင်ငံသားပိုင် Hotel Hazel ရဲ့ မန်နေးဂျင်းဒါရိုက်တာ ဒေါ်သန်းသန်းဆွေ နဲ့ မိတ်ဖတ်စကားပြောကြားတဲ့ အစီအစဉ် ဖြစ်ပါတယ်။ Common Ground (မိတ်ဖက်စကား) အစီအစဉ်ကို တနင်္ဂနွေနေ့ မနက် (၇း၃၀) ညနေ (၄း၃၀) နှင့် ဗုဒ္ဓဟူးနေ့ ညနေ (၅း၃၀) ည (၁၁း၀၀) တွင်လည်း DVB Channel ကနေ ထပ်မံထုတ်လွှင့်သွားမည် ဖြစ်ပါတယ်။ DVB TV – 06.05.2017

DVB TV – အောင်သမာဓိရွှေလုပ်ငန်းစုရဲ့ တည်ထောင်သူ ဦးအောင်ဆန်းဝင်းနဲ့ မိတ်ဖက်စကား

DVB TV – အောင်သမာဓိလို့ပြောလိုက်ရင် ရွှေသန့်စင်လုပ်ငန်း၊ ရွှေပန်းထိမ် နှင့် ရွှေလုပ်ငန်းတွေမှာ မသိသူမရှိ သလောက်ထင်ရှားပါတယ်။ ယခုအပတ် စနေနေ့မှာတော့ အောင်သမာဓိရွှေလုပ်ငန်းစုရဲ့ တည်ထောင်သူ ဦးအောင်ဆန်းဝင်းနဲ့ မိတ်ဖက်စကား ပြောကြားမဲ့ အစီအစဉ်ဖြစ်ပါတယ်။

Nibban Electric & Electronic ဒါရိုက်တာ ဒေါက်တာအောင်သိန်းနှင့် မိတ်ဖက်စကား

Nibban Electric & Electronic Company ဟာ စီးပွားရေးနယ်ပယ် ၊ စက်မှုလုပ်ငန်းနယ်ပယ်မှာ စွန့်ဦးတီထွင်ပြီး ထုတ်ကုန်အသစ်များများကို တီထွင်ထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီတခုဖြစ်ပါတယ်။ အခုတပတ် Common Ground (မိတ်ဖက်စကား) အစီအစဉ်မှာတော့ အိမ်တွင်းသုံး လျှပ်စစ်ပစ္စည်း နှင့် Electronic ပစ္စည်းတွေကို ထုတ်လုပ်ရောင်းချနေတဲ့ Nibban Electric & Electronic Company ရဲ့ Managing Director ဒေါက်တာ အောင်သိန်းနဲ့ မိတ်ဖက်စကားပြောကြားမှာဖြစ်ပါတယ်။ Common Ground Program ကိုတော့ DVB Channel မှ စနေနေ့ ည (၇း၃၀) (၁၁း၀၀) မှာ ကြည့်ရှုနိုင်ပါတယ်။ ထို့အပြင် တနင်္ဂနွေနေ့ မနက်(၇း၃၀) ညနေ(၄း၃၀) နှင့် ဗုဒ္ဓဟူးနေ့ ညနေ …Read more »

DVB TV – Red Horse Diary Industries Limited ရဲ့ Managing Director ဖြစ်သူ ဦးထွန်းထွန်းရဲ့ ဘဝဖြတ်သန်းပုံများ

DVB TV – Pep နို့မှုန့်အထုတ်သေးလေးတွေကို ထုတ်လုပ်သူအဖြစ်လူသိများတဲ့ Red Horse Diary Industries Limited ရဲ့ Managing Director ဖြစ်သူ ဦးထွန်းထွန်းရဲ့ ဘဝဖြတ်သန်းပုံများနှင့် ဘယ်လို အကြံပြုချက်များကို မိတ်ဖတ်စကားပြောကြားမလဲ ဆိုတာကိုကြည်ရှုရမှာပါ။

အောင်နိုင်သစ္စာ ကုမ္ပဏီ ဥက္ကဌ ဦးအောင်ဇော်ဦးနဲ့ မိတ်ဖက်စကား

ဆန်စပါးကို လယ်တောထဲကနေ နိုင်ငံခြား တင်ပို့နိုင်တဲ့အထိ အဆင့်ဆင့်လုပ်ဆောင်နေတဲ့ ကုမ္ပဏီဟာ အောင်နိုင်သစ္စာကုမ္ပဏီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံပြည်တွင်း အသားတင် ထုတ်လုပ်မှု ရဲ့ ၆၀ % ဟာ လယ်ယာကဏ္ဍက လာတာဖြစ်ပါတယ်။ ဒါကြောင့် အောင်နိုင်သစ္စာ ကုမ္ပဏီရဲ့ အရေးပါမှုမှာလည်း မြင့်မားနေဦးမှာ ဖြစ်ပါတယ်။ အခုတပတ် Common Ground (မိတ်ဖက်စကား) အစီအစဉ်မှာတော့ အောင်နိုင်သစ္စာကုမ္ပဏီ ရဲ့ ဥက္ကဌ ဦးအောင်ဇော်ဦးနဲ့ မိတ်ဖက်စကားပြောကြားမှာ ဖြစ်ပါတယ်။ DVB TV – 20.05.2017

DVB TV – စိန် နှင့် မြ မွေ့ရာနှင့် ပရိဘောဂ လုပ်ငန်း တည်ထောင်သူ ဥက္ကဋ္ဌ ဦးကျော်မင်း

DVB TV – မန္တလေးမြို့က စိန် နှင့် မြ မွေ့ရာနှင့် ပရိဘောဂ လုပ်ငန်း ရဲ့ တည်ထောင်သူ ဥက္ကဌ ဦးကျော်မင်း နဲ့ မိတ်ဖတ်စကားပြောကြားမှုဖြစ်ပါတယ်။

EFR Group of Companies ရဲ့ Chairman ဦးကျော်လွင်ဦးနဲ့ မိတ်ဖက်စကား

တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာတာနဲ့အညီ ကုန်စည်စီးဆင်းမှုကလည်း မြန်ဆန်ဖို့လိုပါတယ် ။ EFR ကုမ္ပဏီ ဟာ သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှုလုပ်ငန်း ( Logistics ) တွေကို ကနဦးကတည်းက လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီတပတ် Common Ground (ဖွံ့ဖြိုးစီးပွား မိတ်ဖက်စကား) အစီအစဉ်မှာတော့ EFR Group of Companies ရဲ့ Chairman ဦးကျော်လွင်ဦးနဲ့ မိတ်ဖက်စကားပြောကြားမှာ ဖြစ်ပါတယ်။

DVB TV – တောင်ပေါ်သားရီရှင်း ကုမ္ပဏီ ဦးအိုက်စိုင်းနဲ့မိတ်ဖက်စကား

DVB TV – လယ်ယာသုံးစက်ပစ္စည်းတွေကို တင်သွင်းဖြန့်ဖြူးရောင်းချပေးနေတဲ့ တောင်ပေါ်သားရီရှင်း ကုမ္ပဏီရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးအိုက်စိုင်းနဲ့ မိတ်ဖက်စကားပြောကြားမှာ ဖြစ်ပါတယ်။