အနုပညာရှင်များနှင့် ဆုံရာဝယ်

တေးရေး၊ တေးဆို၊ ရုပ်ရှင်သရုပ်ဆောင်၊ ဟာသလူရွှင်တော်၊ ပန်းချီဆရာ၊ ကာတွန်းဆရာ၊ ဂီတပညာရှင်၊ ဂရတ်ဖစ်ဒီဇိုင်း ပညာရှင်များ၊ အနုပညာ ပုံစံအမျိုးမျိုးကို နည်းပညာအမျိုးမျိုးနှင့် ဖန်တီးနေကြသော အနုပညာရှင်တို့၏ ဘ၀ဖြတ်သန်းမှုနှင့် အနုပညာဖန်တီးမှု၊ ရည်ရွယ်မျှော်မှန်းချက်၊ သဘောထားခံယူချက် အယူအဆနှင့် အတွေးအခေါ်များကို တင်ပြထားသည့် အပတ်စဉ် အစီအစဉ်ဖြစ်သည်။

Latest
Most Viewed
Most Commented
Artist Profile: Saw Phoe Khwar Part-1 Promo

  DVB Entertainment ငြိမ်းချမ်းရေး သီချင်းတွေကို အမြဲသီဆိုတဲ့ ငယ်စဉ်ကဘောလုံးသမား စောဖိုးခွား အဆိုတော်တစ်ယောက်ဖြစ်လာရတဲ့အကြောင်း Music ဆိုတာကို နီးရက်နဲ့ဝေးနေခဲ့တဲ့သူက Reggae Music ကိုနားထောင်ခဲ့ပြီး စိတ်ကူးပုံဖော်ခဲ့တဲ့ အကြောင်းအရာလေးတွေကို ပြောပြမယ့် လွတ်လပ်ခြင်းဂီတ စောဖိုးခွား အပိုင်း-၁ ကို 29-10-2015 မှာ dvb entertainment မှထုတ်လွှင့်မယ့် နမူနာ—–

Artist Profile (Chan Chan) ပြောပြတဲ့အနုပညာခရီးလမ်း အပိုင်း(၂)

အနုပညာရှင်များနဲ့ဆုံရာဝယ် အစီအစဉ်မှာ ကြည့်ရှုခံစားရမှာကတော့ တေးသံရှင် ချမ်းချမ်း ပြောပြတဲ့အနုပညာခရီးလမ်း အပိုင်း(၂) သူမ ရွေးချယ်ခဲ့တဲ့ မိသားစုကို အချိန်ပိုပေးချင်လာ။ သူမနှင့် ပရိတ်သတ်များအကြား အထင်အမြင်လွဲမှားမူများ။ Modeling လောကမှ  အဆိုရှင်ဖက်သို့ ကျော်ဖြတ်လာပုံ။ နောင်လာမည့် မျိုးဆက်သစ် လူငယ်အဆိုရှင်များအတွက် သူမ၏ အားပေးစကား များကို ပရိတ်သတ်များအတွက် တင်ဆက်လိုက်ပါတယ်

Artist Profile (Chan Chan) ပြောသော အနုပညာလမ်းခရီး အပိုင်း(၂)

DVB Entertainment   22.10.15(ကြာသပတေးနေ့) မှာထုတ်လွင့်မည့် အစီအစဉ် နမူနာ။ တေးသံရှင် ချမ်းချမ်း ပြောပြတဲ့အနုပညာခရီးလမ်း အပိုင်း(၂) PROMO သူမ ရွေးချယ်ခဲ့တဲ့ မိသားစုကို အချိန်ပိုပေးချင်လာ။ သူမနှင့် ပရိတ်သတ်များအကြား အထင်အမြင်လွဲမှားမူများ။ Modeling လောကမှ  အဆိုရှင်ဖက်သို့ ကျော်ဖြတ်လာပုံ။ နောင်လာမည့် မျိုးဆက်သစ် လူငယ်အဆိုရှင်များအတွက် သူမ၏ အားပေးစကား များကို 22.10.15  (ကြာသပတေးနေ့) မှာ DVB Entertainment ကနေ ထုတ်လွှင့်တင်ဆက်သွားပါမည် ဆိုတဲ့အကြောင်း ကြိုတင်သတင်းကောင်းပေးအပ်ပါသည်။

အနုပညာရှင်များနဲ့ဆုံရာဝယ်(ချမ်းချမ်းပြောပြတဲ့ အနုပညာခရီးလမ်း-အပိုင်း(၁)

အနုပညာရှင်များနဲ့ဆုံတွေ့ရာဝယ် အစီအစဉ်မှာ ကြည့်ရှုရမှာကတော့ အရင်က ကိုယ်အောင်မြင်ဖို့ ကိုယ့်အတွက်ဘဲဆိုတဲ့မာနကိုချိုးနှိမ်ပြီး အချစ်နဲ့သမီးအတွက်ဘဲ ပိုပြီးစဉ်းစားပေးလာတယ်…. အနုပညာအသိုင်းအ၀ိုင်းရှိလျက်နဲ့ အောင်မြင်မူကိုရရှိဖို့ အတော်ရုန်းကန်ခဲ့ရသူ…. အိပ်မက်ထဲက သီချင်းကို အပြင်လက်တွေ့မှာ ဖန်တီးနိုင်ခဲ့တဲ့ ပရိတ်သတ်တွေရဲ့ရင်ထဲကိုရောက်အောင် သီချင်းတွေကိုခံစားပြီးမှ သီဆိုတဲ့ အဆိုတော်ချမ်းချမ်း အပိုင်း(၁)ကိုတင်ဆက်လိုက်ပါတယ်

DVB Entertainment : 15.10.2015 (ကြာသပတေးနေ့) မှာထုတ်လွှင့်မယ့် အစီအစဉ် နမူနာ။

တေးသံရှင် ချမ်းချမ်း ပြောပြတဲ့ အနုပညာခရီးလမ်း (အပိုင်း-၁) PROMO – သူမရဲ့လက်ရှိမိသားစုကမ္ဘာလေးအကြောင်း ၊ – သူမ Model တစ်ယောက်အဖြစ်ကနေ ၊ တေးသံရှင် ချမ်းချမ်း အဖြစ်ဘယ်လိုဖြတ်သန်းခဲ့ရတဲ့အကြောင်း ၊ – သူမအကြောင်း သတင်းအမှားတချို့ ၊ – သူမပြောပြတဲ့ သူမရဲ့အိပ်မက် အပြင် စိတ်ဝင်စားဖွယ်ရာ တေးသံရှင် ချမ်းချမ်းရဲ့အနုပညာခရီးလမ်းအကြောင်းကို သိရှိခံစားရမှာပါ။ 15.10.2015 (ကြာသပတေးနေ့) မှာ DVB Entertainment ကနေထုတ်လွှင့်တင်ဆက်ပေးသွားပါမယ်ဆိုတဲ့အကြောင်း ကြိုတင်သတင်းကောင်းပါးလိုက်ပါတယ်။

“Walking A Fine Line” Documentary FilmSweden နိုင်ငံ Stockholm မြို့မှာပြသခြင်း

ကျော်သူရဲ့ ဘ၀တစ်စိတ်တစ်ပိုင်း “ဆိုးခဲ့၊ မိုက်ခဲ့တာတွေ၊ မျှဝေခဲ့တာတွေ၊ အနစ်နာခံခဲ့တာတွေ” တားဆီးပိတ်ပင်ခြင်းတွေရှိပေမယ့်လည်း အခက်အခဲ များစွာရှိခဲ့ ကြုံခဲ့ပေမယ့်လည်း အခုအခါမှာတော့ မှန်ကန်တဲ့လမ်းကို လျှောက်လှမ်းနေတဲ့ ဦးကျော်သူရဲ့ အကြောင်းတွေကိုတ၀ကြီးကြည့်ရှုရမယ့် Sweden နိုင်ငံ stockholm မှာပြုလုပ်တဲ့ “Walking A Fine Line” Documentary Film ရုပ်ရှင်ပြပွဲအကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပါ။

“Walking A Fine Line” Documentary Film : Kyaw Thu

USA , Washington DC မှာပြသတဲ့ “Walking A Fine Line” Documentary Film နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူ အကြောင်း “ဘဝတစ်စိတ်တစ်ပိုင်း” “အိမ်ထောင်ရေး” “အခက်အခဲများစွာကြားထဲကမှ အသင်းဖြစ်တည်လာပုံ” “မှန်ကန်တဲ့လမ်ကိုလျှောက်လှမ်းလာပုံ” စတာတွေကို စုံလင်စွာရိုက်ကူးတင်ဆက်ထားတဲ့ Documentary Film ရုပ်ရှင်ပြပွဲပြုလုပ်ခြင်းအကြောင်းကို ရိုက်ကူးတင်ဆက်ထားပါတယ်။

Artist Profile : သီချင်းလည်းဆိုတယ် စုဆောင်းတာလည်းဝါသနာကြီးတဲ့ ဂျီလတ် (အပိုင်း-၂) နောက်ဆုံးပိုင်း

သီချင်းဆိုတာက သူ့အတွက်အဓိကအလုပ်တစ်ခုဆိုပေမယ့် ၊ ကလေးတွေကိုလည်း စိတ်ရှည်လက်ရှည် စာသင်ပေးတတ်ပါသေးတယ်တဲ့ ။ ငွေကြေးပြည့်စုံသူတစ်ယောက် မဟုတ်ပေမယ့် ၊ ပန်းချီကားတွေအပါအ၀င် သူစိတ်ဝင်စားတဲ့အရာတွေကိုလည်း တစိုက်မတ်မတ် စုဆောင်းထားတတ်သူတစ်ယောက်ဖြစ်နေပြန်ရော ။ သူ့ဘ၀ သူ့အကြောင်းကို (24.9.2015) ကြာသပတေးနေ့မှာထုတ်လွှင့်မယ့် Entertainment အစီအစဉ်မှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။   တင်ဆက် – သီတာ ရိုက်ကူး – နန်းသိဂီ င်္၊ ဇော်မင်းထွေး ၊ ၀င်းကျော်သူ တည်းဖြတ် – အိသူဇာ

Artist Profile : မွှေးမွှေး တစ်ဖြစ်လဲ တေးသံရှင် ပန်းအိစံ (အပိုင်း-၂) နောက်ဆုံးပိုင်း

၂၀၁၅၊ စက်တင်ဘာ ၁၀ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အနုပညာရှင်များနှင့်ဆုံရာဝယ် အစီအစဉ်ပါ။ တစ်ခေတ်တစ်ခါက နာမည်ရနေတဲ့ တေးသံရှင်တစ်ယောက်ဟာ ယုံကြည်ချက်ကြောင့် အရာရာကိုစွန့်လွှတ်ပြီး မြန်မာပြည်ရဲ့ ပြင်ပကိုရောက်ရှိခဲ့ရပါတယ်။ ဘယ်လိုအရာတွေက သူ့ရဲ့ယုံကြည်ချက်ကို အမြင့်ဆုံးထိရောက်စေခဲ့တာလည်း။ ဒီအစီအစဉ်ထဲမှာ သူ့ဘ၀တစ်စိတ်တစ်ပိုင်းကို လှမ်းမြင်နေရမှာပါ။   တင်ဆက် – သီတာ ရိုက်ကူး – အိသူဇာ ၊ နန်းသိင်္ဂီ၊ ၀င်းကျော်သူ တည်းဖြတ် – ၀င်းကျော်သူ