ပိုင်းခြားစိတ်ဖြာဥပဒေရေးရာ

Latest
Most Viewed
Most Commented
DVB TV – ဆက်သွယ်ရေး ဥပဒေကိုပြင်ဆင်ဖို့ လိုသလား

DVB TV – ဆက်သွယ်ရေး ဥပဒေကိုပြင်ဆင်ဖို့ လိုသလား ၂၀၁၃ ခုနှစ်မှာပြဌာန်းခဲ့တဲ့ “ ဆက်သွယ်ရေးဥပဒေ” ဥပဒေပါ ပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲခံရတဲ့သူတွေ တဖြည်းဖြည်း များလာတာကြောင့် ပြည်သူလူထုကြား မှာလည်း ဒီပုဒ်မနဲ့ပတ်သက်ပြီး အမြင်သဘောထားတွေ အမျိုးမျိုး ထွက်ပေါ်နေပါတယ် ။ ဒီအစီအစဉ်မှာ ပုဒ်မ ၆၆(ဃ) ရဲ့ ဥပဒေဖြစ်တဲ့ .. “ဆက်သွယ်ရေးဥပဒေ” ပြင်ဖို့ လို၊ မလို ဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးထားပါတယ် ။

သတင်းမီဒီယာ ဥပဒေ ပြင်ဆင်ဖို့ လိုပြီလား

သတင်းမီဒီယာဥပဒေကို ၂၀၁၄ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့အတွက် အခုဆိုရင် ၃ နှစ်ကျော်လာပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဥပဒေဟာ လက်ရှိအချိန်မှာ ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့ မလျော်ညီတော့တဲ့ ပြဋ္ဌာန်းချက်တွေ၊ လက်တွေ့ အကောင်အထည်ဖော်ရာမှာ အဟန့်အတားဖြစ်နေတဲ့ ပြဋ္ဌာန်းချက်တွေ ရှိနေတဲ့အတွက် ဒီဥပဒေ အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒီအစီအစဉ်မှာ သတင်းမီဒီယာဥပဒေ ပြင်ဆင်ဖို့ လို၊မလို ဆိုတာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးထားပါတယ်။ DVB TV – 03.09.2017

DVB TV – “အမျိုးသမီးများအား အကြမ်းဖက်မှု ကာကွယ်စောင့်ရှောက်ရေးဥပဒေ အသက်ဝင်ဖို့ လိုပြီလား”

DVB TV – “အမျိုးသမီးများအား အကြမ်းဖက်မှု ကာကွယ်စောင့်ရှောက်ရေးဥပဒေ အသက်ဝင်ဖို့ လိုပြီလား” အမျိုးသမီးတွေအပေါ် အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကား မှု၊မကြားဝံ့မနာသာ စော်ကားခံရမှု ၊ သက်ငယ်မုဒိမ်းမှုတွေ အဖြစ်များလာနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဒီအစဉ်မှာ ဆွေးနွေးထားပါတယ် ။

DVB TV – “အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ အသက်ဝင်အောင် ဘယ်လိုလုပ်မလဲ”

DVB TV – “အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ အသက်ဝင်အောင် ဘယ်လိုလုပ်မလဲ” မန်မာနိုင်ငံမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ လာဘ်ပေးလာဘ်ယူမှု ကိစ္စတွေ အခုချိန်ထိ လျော့နည်းလာခြင်း မရှိသေးတဲ့ ကိစ္စနဲ့ပတ်သက်ပြီး “အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ” ဥပဒေအသက်ဝင် လာအောင် ဘယ်လိုလုပ်မလဲဆိုတာကို ဒီအစီအစဉ်မှာ တင်ဆက်ထားပါတယ် ။

DVB TV -“မြန်မာနိုင်ငံတွင် ဧည့်စာရင်းတိုင်ကြားရတဲ့စနစ်ရှိဖို့ လိုသလား”

DVB TV – အစိုးရအဆက်ဆက် နှစ်ပေါင်းများစွာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ဧည့် စာရင်းတိုင်ကြားရမှု ၊ ဧည့်စာရင်း စစ်ဆေးမှုတွေဟာ ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်တဲ့နေတဲ့ အခုလို ကာလမှာ ဆက်ရှိဖို့ လိုသေးလား ၊ ဧည့်စာရင်းကိစ္စကိုအကြောင်းပြုပြီး သြဇာအာဏာ ကိုတလွဲအသုံးချနေ နိုင် အောင် ကျားကန်ပေးထားတဲ့ ရပ်/ကျေးအုပ်ချုပ်ရေးဥပဒေရဲ့ အားနည်းချက်က ဘာတွေလဲ ၊ ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီတဲ့ ရပ်/ကျေးဥပဒေ တစ်ရပ်မှာ ဘယ်လိုအချက်အလက်တွေ ပါသင့်သလဲ ဆိုတောတွေကို ဒီအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။

DVB TV – မသန်စွမ်းသူတွေရဲ့ အခွင့်အရေး နည်းဥပဒေ ပြဌာန်း ဖို့ ဘာကြောင့် ကြန့်ကြာနေသလဲ

DVB TV – မသန်စွမ်းသူတွေရဲ့ အခွင့်အရေး နည်းဥပဒေ ပြဌာန်း ဖို့ ဘာကြောင့် ကြန့်ကြာနေသလဲ ၂၀၁၅ မှာ ပြဌာန်းခဲ့တဲ့ “ မြန်မာနိုင်ငံ မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေ” ကို လက်တွေ့ အကောင် အထည်ဖော်ပေးရမယ့် နည်းဥပဒေ ပြဌာန်းဖို့ ဘာကြောင့်ကြန့်ကြာနေသလဲ ၊ နည်းဥပဒေမှာ ဘယ်လို အချက်အလက်တွေ ပါဖို့လိုသလဲ ၊ မသန်စွမ်းတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဥပဒေနဲ့ ထိထိရောက်ရောက် အကာအကွယ် ပေးနိုင်ပါ့မလား ၊ ဆိုတာတွေကို ဒီကနေ့ အစီအစဉ်မှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ် ။

DVB TV -“ပြည်တွင်း အိမ်အကူတွေအတွက် အကာကွယ်ပေးရေး ဥပဒေတစ်ရပ် လိုအပ်နေပြီလား”

DVB TV -“ပြည်တွင်း အိမ်အကူတွေအတွက် အကာကွယ်ပေးရေး ဥပဒေတစ်ရပ် လိုအပ်နေပြီလား” မြန်မာ့လူမှုဝန်းကျင်မှာ အနိဌာရုံတခုအဖြစ် တနေ့တခြားထွက်ပေါ် နေတဲ့အိမ်အကူတွေအကာကွယ်ကင်းမဲ့ နေမှုကို ဘယ်လိုဖြေရှင်းကြမလဲ ၊ အလုပ်သမားအခွင့်အရေးတွေဆုံးရှုံးနေတဲ့ ပြည်တွင်းအိမ်အကူတွေအတွက် ဥပဒေတစ်ရပ်လိုအပ်နေပြီလား ဒီအစီအစဉ်မှာရှုစားကြရမှာ ဖြစ်ပါတယ် ။

DVB TV – စက်မှုဇုန် ဥပဒေ လိုအပ်နေပြီလား

DVB TV – စက်မှုဇုန် ဥပဒေ လိုအပ်နေပြီလား ၁၉၉၀ ပြည့်လွန်နှစ်တွေ ကတည်းက မြန်မာနိုင်ငံရဲ့နေရာအတော်များများမှာ ထူထောင်ခဲ့တဲ့ စက်မှုဇုန်တွေဟာ အခုဆိုရင် နှစ်ပေါင်း ၂၀ ကျော်ပြီ ဖြစ်ပေမယ့် စက်မှုဇုန် အတော်များများဟာ လျှပ်စစ်ဓာတ်အား မလုံ လောက်မှု ၊မြေဈေးကြီးမြင့်မှု ၊ လမ်းပမ်းဆက်သွယ်ရေးခက်ခဲမှု စတဲ့ အခြေခံအဆောက်အုံ မပြည့်စုံမှုတွေ ကြောင့် စက်မှုဇုန်တွေလည်း ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးခဲ့ကြပါဘူး ။ ဒီအစီအစဉ်မှာ လက်ရှိစက်မှုဇုန်တွေရဲ့ အတိတ်၊ ပစ္စုပ္ပုန်၊အနာဂတ်ကို ဆွေးနွေးတင်ဆက်ထားပါတယ် ။

DVB TV – “ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်က ပြည်ပ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်ပါ့မလား “

DVB TV – “ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်က ပြည်ပ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်ပါ့မလား “ လွှတ်တော်နှစ်ရပ်စလုံးက မြန်မြန်ဆန်ဆန် အတည်ပြုခဲ့တဲ့ဒီဥပဒေဟာ နှေးကွေးနေ တဲ့ မြန်မာ့ စီးပွါးရေးကို တွန်းတင်နိုင်ပါ့ မလား ။ ဒီဥပဒေဟာ ပြည်ပရင်းနှီးမြှုပ်နှံမှုကို အမှန်တကယ် ဆွဲဆောင်နိုင် ပါ့မလား ဆိုတာနဲ့ပတ်သက်ပြီး ဒီအစီအစဉ်ရှုစားကြရမှာ ဖြစ်ပါတယ် ။