ပိုင်းခြားစိတ်ဖြာဥပဒေရေးရာ

Latest
Most Viewed
Most Commented
DVB TV – “အမျိုးသမီးများအား အကြမ်းဖက်မှု ကာကွယ်စောင့်ရှောက်ရေးဥပဒေ အသက်ဝင်ဖို့ လိုပြီလား”

DVB TV – “အမျိုးသမီးများအား အကြမ်းဖက်မှု ကာကွယ်စောင့်ရှောက်ရေးဥပဒေ အသက်ဝင်ဖို့ လိုပြီလား” အမျိုးသမီးတွေအပေါ် အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကား မှု၊မကြားဝံ့မနာသာ စော်ကားခံရမှု ၊ သက်ငယ်မုဒိမ်းမှုတွေ အဖြစ်များလာနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဒီအစဉ်မှာ ဆွေးနွေးထားပါတယ် ။

DVB TV – “သတ္တုတွင်းဥပဒေရဲ့ အားနည်းချက်ကြောင့် သယံဇာတကျိန်စာ သင့်ခဲ့တာလား”

DVB TV – “သတ္တုတွင်းဥပဒေရဲ့ အားနည်းချက်ကြောင့် သယံဇာတကျိန်စာ သင့်ခဲ့တာလား” မြန်မာနိုင်ငံမှာ တစ်နေ့တခြား ယိုယွင်းလာတဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေဟာ သတ္တုတွင်းဥပဒေ ရဲ့ အားနည်း ချက်ကြောင့် ဖြစ်နေရတာလား ၊ ဥပဒေကိုအကောင်အထည်ဖော်သူတွေရဲ့ ချို့ယွင်းချက်ကြောင့် လား၊ လုပ်ငန်းရှင်တွေက ဥပဒေ၊စည်းမျဉ်း၊စည်းကမ်း တွေကို မလိုက်နာလို့ ဖြစ်နေရတာလား. ၊ သယံဇာတ တူးဖော် ထုတ်လုပ်ရေးနဲ့ပတ်သက်ပြီး နိုင်ငံတော်က ဘယ်လို လုပ်ဆောင်သင့်သလဲ ဆိုတာတွေကို ဒီအစီ အစဉ်မှာ ဆွေးနွေးထားပါတယ် ။

DVB TV – မသန်စွမ်းသူတွေရဲ့ အခွင့်အရေး နည်းဥပဒေ ပြဌာန်း ဖို့ ဘာကြောင့် ကြန့်ကြာနေသလဲ

DVB TV – မသန်စွမ်းသူတွေရဲ့ အခွင့်အရေး နည်းဥပဒေ ပြဌာန်း ဖို့ ဘာကြောင့် ကြန့်ကြာနေသလဲ ၂၀၁၅ မှာ ပြဌာန်းခဲ့တဲ့ “ မြန်မာနိုင်ငံ မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေ” ကို လက်တွေ့ အကောင် အထည်ဖော်ပေးရမယ့် နည်းဥပဒေ ပြဌာန်းဖို့ ဘာကြောင့်ကြန့်ကြာနေသလဲ ၊ နည်းဥပဒေမှာ ဘယ်လို အချက်အလက်တွေ ပါဖို့လိုသလဲ ၊ မသန်စွမ်းတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဥပဒေနဲ့ ထိထိရောက်ရောက် အကာအကွယ် ပေးနိုင်ပါ့မလား ၊ ဆိုတာတွေကို ဒီကနေ့ အစီအစဉ်မှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ် ။

သတင်း အချက်အလက်ဆိုင်ရာ အခွင့်အရေး ဥပဒေကြမ်း ဘယ်တော့လဲ?

သတင်း အချက်အလက်ဆိုင်ရာ အခွင့်အရေး ဥပဒေကြမ်း ဘယ်တော့လဲ ? အရင်အစိုးရလက်ထက်ကတည်းက ပြန်ကြားရေးဝန်ကြီးဌာနနဲ့ မီဒီယာအဖွဲ့အစည်းတွေ ပူးပေါင်းရေး ဆွဲနေတဲ့ “သတင်းအချက်အလက်ဆိုင်ရာ အခွင့်အရေး ဥပဒေကြမ်း” ဟာ မူကြမ်းအဆင့်ထိ ရေးဆွဲပြီးဖြစ်ပေမယ့် အခု ချိန်အထိ ဥပဒေကြမ်းအဖြစ် မထုတ်ပြန်နိုင်သေးပါဘူး ။ နိုင်ငံပေါင်း ၁၁၅ နိုင်ငံမှာ ဒီဥပဒေပြဌာန်းထားပြီး ဖြစ် သလို အာရှတိုက်မှာဆိုရင်လည်း နိုင်ငံပေါင်း ၃၀ ကျော်မှာ ပြဌာန်းပြီး ဖြစ်ပါတယ်။ ၂၀၁၇ အတွက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ထုတ်ပြန်လိုက်တဲ့ သတင်းလွတ်လပ်မှုအဆင့် မှာ မြန်မာနိုင်င်ငံဟာ မနှစ်ကအညွှန်းကိန်းထက် ၁၂ ဆင့် တက်လာပါတယ် ။ ဒါပေမဲ့ သတင်းမီဒီယာ သမား တွေကတော့ ဒီလိုအဆင့်တက်လာတာဟာ စာနယ် ဇင်းလွတ်လပ်ခွင့် တိုးတက်လာတာလို့ …Read more »

DVB TV – “ ဆေးဝါးအတုနဲ့ စံမမီဆေးဝါးတွေကို ဘယ်လို ထိန်းချုပ်မလဲ “

DVB TV – “ ဆေးဝါးအတုနဲ့ စံမမီဆေးဝါးတွေကို ဘယ်လို ထိန်းချုပ်မလဲ “ မြန်မာနိုင်ငံမှာ တည်ဆဲဥပဒေတချို့နဲ့ ပြည်သူလူထုရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို အကာအကွယ် ပေးထားပါတယ် ။ ဒါပေမဲ့ ပြည်သူလူထုအနေနဲ့ အခုချိန်ထိ အဲဒီ ဥပဒေတွေရဲ့ အကာအကွယ်ပေးမှုကို အပြည့်ဝ မခံစားကြရသေးပါဘူး ။ တစ်နိုင်ငံလုံးအတွက် အိမ်သုံးဆေးဝါး ဖြန့်ချိရာမှာ အဓိကကျတဲ့ ဗိုလ်ချုပ်ဈေး နဲ့ ရွှေပြည့်စုံဈေးတွေမှာ ပြီးခဲ့တဲ့ လက ကျပ် သိန်းပေါင်း ၂၈, ၀၀၀ တန်ဖိုးရှိ BPI တံဆိပ်ကပ် ဆေးဝါးအတု (၄၄) မျိုးကို ဖမ်းဆီးရမိတဲ့ သတင်းဟာ အမျိုးသားကျန်းမာရေးကို ခြိမ်းခြောက်ခံရသလို ဖြစ်စေခဲ့ပါတယ်။ ဒီအစီအစဉ်မှာ ဆေးဝါးအတုတွေနဲ့ စံမမီဆေးဝါးတွေနဲ့ပတ်သက်တဲ့ အမြင်သဘောထား တွေကို …Read more »

DVB TV – ဆက်သွယ်ရေး ဥပဒေကိုပြင်ဆင်ဖို့ လိုသလား

DVB TV – ဆက်သွယ်ရေး ဥပဒေကိုပြင်ဆင်ဖို့ လိုသလား ၂၀၁၃ ခုနှစ်မှာပြဌာန်းခဲ့တဲ့ “ ဆက်သွယ်ရေးဥပဒေ” ဥပဒေပါ ပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲခံရတဲ့သူတွေ တဖြည်းဖြည်း များလာတာကြောင့် ပြည်သူလူထုကြား မှာလည်း ဒီပုဒ်မနဲ့ပတ်သက်ပြီး အမြင်သဘောထားတွေ အမျိုးမျိုး ထွက်ပေါ်နေပါတယ် ။ ဒီအစီအစဉ်မှာ ပုဒ်မ ၆၆(ဃ) ရဲ့ ဥပဒေဖြစ်တဲ့ .. “ဆက်သွယ်ရေးဥပဒေ” ပြင်ဖို့ လို၊ မလို ဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးထားပါတယ် ။

မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေကြမ်း အပေါ် ရှုမြင်ချက်

မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေကို ၁၉၉၅ မှာ ပြဌာန်းခဲ့ပြီး ၂၀၀၃ နဲ့ ၂၀၁၆ ခုနှစ်တွေမှာ ပြန်လည် ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီဥပဒေဟာ ခေတ်ကာလနဲ့ မလျှော်ညီတဲ့ ပြဌာန်းချက်တွေ ရှိနေတာကြောင့် လက်ရှိ အစိုးရ လက်ထက်မှာ အသစ်ပြဌာန်းဖို့ စီစဉ်နေပါတယ်။ ဒီနှစ် မတ်လထဲမှာ ” ၂၀၁၇ ခုနှစ်၊ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်း” ကို အများပြည်သူတွေ လေ့လာ အကြံပြုနိုင်အောင် နိုင်ငံပိုင် သတင်းစာတွေကတဆင့် ဖော်ပြခဲ့ပါတယ်။ ဒီအစီအစဉ်မှာ မြန်မာ့ကျောက်မျက်ရတနာဥပဒေကြမ်းနဲ့ ပတ်သက်တဲ့ သဘောထားအမြင်တွေကို ဆွေးနွေးထားပါတယ်။ DVB TV – 02.07.2017

DVB TV – “ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်က ပြည်ပ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်ပါ့မလား “

DVB TV – “ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်က ပြည်ပ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်ပါ့မလား “ လွှတ်တော်နှစ်ရပ်စလုံးက မြန်မြန်ဆန်ဆန် အတည်ပြုခဲ့တဲ့ဒီဥပဒေဟာ နှေးကွေးနေ တဲ့ မြန်မာ့ စီးပွါးရေးကို တွန်းတင်နိုင်ပါ့ မလား ။ ဒီဥပဒေဟာ ပြည်ပရင်းနှီးမြှုပ်နှံမှုကို အမှန်တကယ် ဆွဲဆောင်နိုင် ပါ့မလား ဆိုတာနဲ့ပတ်သက်ပြီး ဒီအစီအစဉ်ရှုစားကြရမှာ ဖြစ်ပါတယ် ။

အလှကုန်ပစ္စည်း ဆိုင်ရာ ဥပဒေပြဋ္ဌာန်းဖို့ လိုသလား

အလှကုန်ပစ္စည်း ဆိုင်ရာ ဥပဒေပြဋ္ဌာန်းဖို့ လိုသလား ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ အလှကုန်ပစ္စည်းတချို့ကို FDA က အခါအားလျှော်စွာ စစ်ဆေးပြီး သုံးစွဲရန် မသင့်တဲ့ အလှကုန်တွေကို ရံဖန်ရံခါ ထုတ်ပြန် ကြေညာတာမျိုး ရှိပေမယ့် အရည် အသွေး မပြည့်တဲ့ အလှကုန် တွေ၊ အတုအပ အလှကုန်တွေဟာ အခုချိန်ထိ ဈေးကွက်ထဲက ပပျောက်သွားခြင်း မရှိသေးပါဘူး ။ ၀ယ်ယူ သုံးစွဲသူတွေ အနေနဲ့လည်း အခုချိန်ထိ ဥပဒေရဲ့ အကာအကွယ်ကို မရကြသေးပါဘူး ။ဒီအစီအစဉ်မှာ အလှကုန်ပစ္စည်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းဖို့လိုမလို ၊ ပြဋ္ဌာန်းမယ်ဆိုရင် ဒီဥပဒေမှာ ဘယ်လိုအချက်အလက်တွေ ပါသင့်သလဲ ဆိုတာတွေနဲ့ ပတ်သက်တဲ့ အမြင်သဘောထားတွေကို နယ်ပယ် အသီးသီးက ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးထားပါတယ်။ DVB TV – …Read more »